မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | ယောဘ ၁–၅

စမ်းသပ်မှုကြား ယောဘ ဆက်သစ္စာတည်ကြည်ခဲ့

စမ်းသပ်မှုကြား ယောဘ ဆက်သစ္စာတည်ကြည်ခဲ့

အီဂျစ်ပြည်မှာ အစ္စရေးတွေ ကျွန်ဘဝရောက်တုန်းက ယောဘဟာ ဥဇမြို့မှာနေထိုင်တယ်။ သူဟာ အစ္စရေးလူမျိုးမဟုတ်ပေမဲ့ ယေဟောဝါကို သစ္စာရှိရှိ ကိုးကွယ်သူဖြစ်တယ်။ သူ့မိသားစုက ကြီးတယ်။ သူက ချမ်းသာကြွယ်ဝပြီး သြဇာအာဏာရှိတယ်။ ဒါ့အပြင် အလွန်လေးစားခံရတဲ့ အကြံပေးပုဂ္ဂိုလ်၊ မျက်နှာမလိုက်တဲ့ တရားသူကြီးလည်း ဖြစ်တယ်။ ဆင်းရဲသားတွေနဲ့ အကူအညီလိုအပ်နေသူတွေကို မေတ္တာပြတယ်။ ယောဘဟာ သစ္စာတည်ကြည်သူ ဖြစ်တယ်။

ဘဝမှာ ယေဟောဝါဘုရားကသာ အရေးကြီးဆုံးဆိုတာ ယောဘသက်သေထူခဲ့

၁:၈–၁၁၊ ၂၂; ၂:၂–၅

  • စာတန်ဟာ ယောဘရဲ့ သစ္စာတည်ကြည်မှုကို သတိထားမိခဲ့။ ယေဟောဝါအပေါ် ယောဘ နာခံမှုရှိတာကို သူ မငြင်းနိုင်ပေမဲ့ ယောဘရဲ့ဝတ်ပြုမှုကို မေးခွန်းထုတ်

  • ယောဘက အကျိုးရတာကြောင့် ယေဟောဝါကို ဝတ်ပြုကိုးကွယ်တာလို့ စာတန်စွပ်စွဲ

  • စာတန်ရဲ့စွပ်စွဲမှုမှားကြောင်း သက်သေပြဖို့ ယေဟောဝါက ဒီသစ္စာရှိကျေးကျွန်ကို စမ်းသပ်ဖို့ခွင့်ပြု။ ဒါနဲ့ စာတန်က ယောဘရဲ့ဘဝကို ရစရာမရှိအောင် ဖျက်ဆီးပစ်

  • ယောဘက သစ္စာတည်ကြည်မှုပြတော့ လူအားလုံးရဲ့ သစ္စာတည်ကြည်မှုကို စာတန် မေးခွန်းထုတ်ခဲ့

  • ယောဘက အပြစ်မလုပ်၊ ဘုရား မှားတယ်လို့လည်း မစွပ်စွဲ