မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ခရစ်ယာန်အသက်တာလမ်းစဥ်

ဧည့်သည်များကို ကြိုဆိုပါ

ဧည့်သည်များကို ကြိုဆိုပါ

မတ်လ ၂၃ ရက်မှာကျင်းပမယ့် အောက်မေ့ရာပွဲကို ဧည့်သည် ၁၂ သန်းလောက် ဒါမှမဟုတ် ဒီထက်ပိုတက်ရောက်မယ်လို့ မျှော်လင့်ထားပါတယ်။ ယေဟောဝါရဲ့လက်ဆောင်ဖြစ်တဲ့ ရွေးနုတ်ဖိုးအကြောင်းနဲ့ လူသားတွေ အနာဂတ်မှာ ရရှိမယ့် ကောင်းချီးတွေအကြောင်း ဟောပြောသူတင်ဆက်သွားတာကို သူတို့ နားထောင်ကြရမှာ ဖြစ်ပါတယ်။ (ဟေရှာ. ၁၁:၆-၉; ၃၅:၅၊ ၆; ၆၅:၂၁-၂၃; ယော. ၃:၁၆) ဒါပေမဲ့ ဒီအထူးအခါသမယမှာ ဟောပြောသူကပဲ သက်သေခံဖို့ အခွင့်အရေးရရှိတာ မဟုတ်ပါဘူး။ ကျွန်ုပ်တို့အားလုံးလည်း ဧည့်သည်တွေကို လှိုက်လှိုက်လှဲလှဲကြိုဆိုခြင်းအားဖြင့် သက်သေခံခွင့်ရရှိကြတယ်။ (ရော. ၁၅:၇) အကြံပြုချက်တချို့ကို ဖော်ပြထားပါတယ်။

  • အစီအစဥ်စမယ့်အချိန်ကို ထိုင်စောင့်မယ့်အစား ဧည့်သည်တွေနဲ့ မလှုပ်မရှားဖြစ်နေတဲ့ ညီအစ်ကိုညီအစ်မတွေကို နွေးထွေးပျူငှာတဲ့အပြုံးနဲ့ ကြိုဆိုနှုတ်ဆက်ပါ။

  • ကိုယ်ဖိတ်ထားတဲ့မိတ်ဆွေတွေကို ဂရုစိုက်သလို ဖိတ်စာကင်ပိန်းကြောင့်ရောက်လာတဲ့ တခြားသူတွေကိုလည်း ဂရုစိုက်ပေးပါ။ ဧည့်သည်ကို ကိုယ်နဲ့အတူထိုင်ဖို့ ခေါ်ပါ။ ကျမ်းစာအုပ်နဲ့ သီချင်းစာအုပ် ပြပေးပါ။

  • ဟောပြောချက်ပြီးတဲ့နောက် သူသိချင်တာတွေကို ဖြေပေးပါ။ ဒါပေမဲ့ ခန်းမကို အသင်းတော်နောက်တစ်ခု အသုံးပြုဖို့ ချက်ချင်းထွက်ပေးရမယ်ဆိုရင် နောက်ရက်အနည်းငယ်အတွင်း သူ့ဆီသွားလည်နိုင်အောင် စီစဥ်ပါ။ ဆက်သွယ်ရမယ့်လိပ်စာ မသိဘူးဆိုရင် “ဆွေးနွေးသွားတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီး မိတ်ဆွေရဲ့အမြင်ကို သိချင်ပါတယ်။ ဆက်သွယ်လို့ရမယ့် လိပ်စာများရှိလား” လို့မေးပါ။