မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အမှုဆောင်လုပ်ငန်းမှာ ကျင့်သုံးပါ

အမှုဆောင်လုပ်ငန်းမှာ တိုးတက်အောင် လုပ်ဆောင်ခြင်း—ကိုယ်ပိုင်တင်ဆက်နည်း ပြင်ဆင်ပါ

အမှုဆောင်လုပ်ငန်းမှာ တိုးတက်အောင် လုပ်ဆောင်ခြင်း—ကိုယ်ပိုင်တင်ဆက်နည်း ပြင်ဆင်ပါ

ဘာကြောင့်အရေးကြီး– လေ့ကျင့်ခန်းစာစောင်မှာ အကူအညီဖြစ်စေမယ့် နမူနာတင်ဆက်နည်းတွေ ဖော်ပြထားပေမဲ့ အဲဒါက အကြမ်းဖျင်းသဘောလောက်သာ ဖြစ်တယ်။ ဒါကြောင့် ကိုယ်ပိုင်စကားနဲ့ ပြင်ဆင်ဖို့လိုတယ်။ သင့်အနေနဲ့ တခြားတင်ဆက်နည်း ဒါမှမဟုတ် ဒေသခံတွေစိတ်ဝင်စားမယ့် အကြောင်းအရာကို သုံးရတာ ပိုနှစ်သက်ပါလိမ့်မယ်။ ဒါကြောင့် မဂ္ဂဇင်းဖတ်ပြီးနောက် နမူနာတင်ဆက်နည်းကို သုံးသပ်ပါ၊ တင်ဆက်နည်းဗီဒီယိုတွေကို ကြည့်ပါ၊ တင်ဆက်နည်းကို ကိုယ်ပိုင်ပြင်ဆင်တဲ့အခါ အောက်ပါအကြံပြုချက်တွေကို သုံးနိုင်ပါတယ်။

လုပ်ဆောင်နိုင်ပုံ–

‘နမူနာတင်ဆက်နည်းတစ်ခုခုကို ငါအသုံးပြုချင်လား’ လို့ ကိုယ့်ကိုယ်ကိုယ်မေးပါ။

သုံးချင်တယ်

  • နိဒါန်းကို ပြင်ဆင်ပါ။ အိမ်ရှင်ကို နှုတ်ဆက်ပြီးနောက် လာရတဲ့အကြောင်းရင်းကို ပြောပြပါ။ (ဥပမာ– “ကျွန်တော်/ကျွန်မတို့ လာရတဲ့အကြောင်းရင်းက . . .”)

  • မေးခွန်း၊ ကျမ်းချက်နဲ့ ဝေငှမယ့်စာပေကို တစ်ခုနဲ့ တစ်ခု ဘယ်လိုချိတ်ဆက်ပေးမလဲဆိုတာ စဥ်းစားပါ။ (ဥပမာ– ကျမ်းချက်ကို ဖတ်ပြနိုင်ဖို့ အခုလိုပြောနိုင်တယ်– “ဒီမေးခွန်းအတွက် ကျေနပ်လောက်တဲ့အဖြေကို ဒီမှာတွေ့နိုင်ပါတယ်။”)

မသုံးချင်ဘူး

  • မဂ္ဂဇင်းထဲက သင်ကြိုက်နှစ်သက်ရာ ဒါမှမဟုတ် ရပ်ကွက်ကလူတွေ စိတ်ဝင်စားနိုင်မယ့် အကြောင်းအရာတစ်ခုကို ရွေးချယ်ပါ။

  • အိမ်ရှင်ရဲ့သိချင်စိတ်ကို လှုံ့ဆော်ပေးမယ့်၊ စကားစမြည်စနိုင်မယ့် သဘောထားမေးခွန်း မေးပါ။ ဒါပေမဲ့ အိမ်ရှင်အတွက် စဥ်းစားရခက်စေတဲ့ မေးခွန်းမျိုးကို ရှောင်ပါ။ (ဥပမာ– မဂ္ဂဇင်းရဲ့စာမျက်နှာ ၂ မှာ မေးခွန်းတွေကို ဖော်ပြပေးထားတယ်။)

  • ဖတ်မယ့်ကျမ်းချက်ကို ရွေးချယ်ပါ။ (နိုးလော့! ဝေငှမယ်ဆိုရင် ကျမ်းချက်ဖတ်၊ မဖတ်ကို ကိုယ်ပိုင်ဆုံးဖြတ်နိုင်တယ်။ ဒီမဂ္ဂဇင်းက ကျမ်းစာအသိပညာ သိပ်မရှိသူတွေ၊ ဘာသာတရား အယုံအကြည်မရှိသူတွေအတွက် ထုတ်ဝေထားတာဖြစ်တယ်။)

  • ဆောင်းပါးကိုဖတ်ရင် ဘယ်လိုအကျိုးရနိုင်တယ်ဆိုတာ အိမ်ရှင်ကို တစ်ချက်နှစ်ချက်လောက် ပြောပြပါ။

လုပ်ရမှာက

  • ပြန်လည်ပတ်နိုင်ဖို့ အိမ်ရှင်ကို မေးမယ့်မေးခွန်းကို တစ်ခါတည်း ပြင်ဆင်ပါ။

  • နောက်တစ်ခေါက်ပြောမယ့် အကြောင်းအရာကို မှတ်မိအောင် မှတ်စုယူပါ။