မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

နမူနာတင်ဆက်နည်းများ

နမူနာတင်ဆက်နည်းများ

ကင်းမျှော်စင်

မေးခွန်း– လူသိများတဲ့ ဒီစကားတွေက မိတ်ဆွေအတွက် တကယ်ပဲ အကျိုးရှိနိုင်မလား

ကျမ်းချက်– ယောဟန် ၃:၁၆

ဝေငှပုံ– ယေရှု ဆင်းရဲဒုက္ခခံပြီး အသက်ပေးဆက်ခဲ့တာကြောင့် သင် ဘယ်လိုအကျိုးခံစားရနိုင်မလဲဆိုတာ ဒီကင်းမျှော်စင်မှာ ရှင်းပြထားတယ်။

ကင်းမျှော်စင် (နောက်ကျောဖုံး)

မေးခွန်း– ဒီမေးခွန်းနဲ့ပတ်သက်ပြီး လူပြောများတဲ့အဖြေ တချို့ကို တစ်ချက်လောက်ကြည့်ပါ။ [ပထမမေးခွန်းနဲ့အတူ အဖြေတွေကို ဖတ်ပြပါ။] မိတ်ဆွေကော ဘယ်လိုသဘောရလဲ။

ကျမ်းချက်– မဿဲ ၄:၁–၄

ဝေငှပုံ– မာရ်နတ်ဟာ ယေရှုနဲ့ အပြန်အလှန်စကားပြောပြီး ကိုယ်တော့်ကို သွေးဆောင်ခဲ့တာကိုကြည့်ရင် သူဟာ ဉာဥ်ဆိုးတစ်ခုလောက်ပဲမဟုတ်ဘူးဆိုတာ ရှင်းနေပါတယ်။ နတ်ဆိုးအကြောင်း ကျမ်းစာမှာ ဘယ်လိုပြောထားသလဲဆိုတာ ဒီဆောင်းပါးမှာ အကျယ်တဝင့်ရှင်းပြထားတယ်။

အောက်မေ့ရာပွဲ ဖိတ်စာ

ဝေငှပုံ– “အရေးကြီးတဲ့ပွဲနေ့ကို တက်ရောက်ဖို့ ဒီဖိတ်စာကို လာပေးတာပါ။ [အိမ်ရှင်ဆီ ဖိတ်စာကမ်းပေးပါ။] မတ်လ ၂၃ ရက်နေ့မှာ ကမ္ဘာတစ်ဝန်းက သန်းနဲ့ချီတဲ့သူတွေဟာ ယေရှုခရစ်ရဲ့သေခြင်းအောက်မေ့ရာပွဲကို ကျင်းပဖို့ စုဆုံကြပါလိမ့်မယ်။ ဒီပွဲမှာ ယေရှုရဲ့သေခြင်းကနေ ကျွန်တော်တို့ ဘယ်လိုအကျိုးရနိုင်သလဲဆိုတဲ့ ဟောပြောချက်ကို အခမဲ့နားထောင်ရမှာဖြစ်တယ်။ ကျင်းပမယ့် အချိန်နဲ့နေရာကို ဒီဖိတ်စာမှာ ဖော်ပြပေးထားတယ်။ ကျေးဇူးပြုပြီး လာခဲ့နော်။”

ကိုယ်ပိုင်တင်ဆက်နည်းကို ချရေးပါ

နမူနာတွေကိုသုံးပြီး ကိုယ်ပိုင်တင်ဆက်နည်းတွေ ဖန်တီးပါ။