မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ခရစ်ယာန်အသက်တာလမ်းစဉ်

ဘုရားသခင့်စကား နားထောင်ပါ—အသုံးပြုနိုင်ပုံ

ဘုရားသခင့်စကား နားထောင်ပါ—အသုံးပြုနိုင်ပုံ

ဘုရားသခင့်စကား နားထောင်ပါ ဘရိုရှာဟာ စာသိပ်မတတ်သူတွေ ရုပ်ပုံတွေကနေ အမှန်တရား သိလာအောင် ဖြစ်တယ်။ အခန်းတစ်ခုစီမှာ ၂ မျက်နှာရှိပြီး ရုပ်ပုံတစ်ခုကနေ တစ်ခုကို ဆွေးနွေးဖို့ မြှားပြထားပါတယ်။

ဘုရားသခင့်စကားနားထောင်ကာ ထာဝစဉ်အသက်ရှင်ပါ ဘရိုရှာမှာလည်း အဲဒီစာစောင်မှာပါတဲ့ ရုပ်ပုံတွေပါပေမဲ့ စာတတ်တဲ့ ကျမ်းစာသင်သားတွေနဲ့ ဆွေးနွေးဖို့ စာ ပိုများများပါတယ်။ သင်သားက ဘုရားသခင့်စကား နားထောင်ပါ စာစောင်ကို ကိုင်ပြီး ကြေညာသူက စာပိုများတဲ့စာစောင်ကို ကိုင်နိုင်တယ်။ တချို့စာမျက်နှာတွေမှာ သင်သားပေါ်မူတည်ပြီး ဆွေးနွေးနိုင်တဲ့ ထပ်ဆင့်လေ့လာစရာ လေးထောင့်ကွက် ရှိတယ်။

ရဲ့ ဝေငှရမယ့်စာစောင် မဟုတ်ရင်တောင် ဒီဘရိုရှာတွေကို ဝေငှနိုင်တယ်။ သင်အံမှုမှာ ကျမ်းစာကိုရှင်းပြတဲ့အခါ ရုပ်ပုံတွေကို အသုံးပြုပါ။ သင်သား နားလည်မလည်သိဖို့ မေးခွန်းတွေမေးပါ။ စာမျက်နှာအောက်က ကျမ်းချက်တွေဖတ်ပြီး ဆွေးနွေးပါ။ ဒီဘရိုရှာကို လေ့လာပြီးရင် ကျမ်းစာ အမှန်တကယ် သွန်သင်ရာက ဘာလဲ ဒါမှမဟုတ် သမ္မာကျမ်းစာ သွန်သင်ရာများကို လေ့လာပြီး နှစ်ခြင်းခံတဲ့အထိ သင်သားကို ဆက်ကူညီပေးပါ။