မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ခရစ်ယာန်အသက်တာလမ်းစဉ်

ယေဟောဝါကို သတိရနေစေဖို့ သင့်မိသားစုကို ကူညီပေးပါ

ယေဟောဝါကို သတိရနေစေဖို့ သင့်မိသားစုကို ကူညီပေးပါ

ဂျူးတွေ ယေဟောဝါကို မေ့တဲ့အတွက် မကြာခင် ဖျက်ဆီးခံရမယ်လို့ သတိပေးဖို့ ယေရမိ တာဝန်ရတယ်။ (ယေ. ၁၃:၂၅) လူမျိုးလိုက် ဒီအခြေအနေကို ဘယ်လို ရောက်သွားတာလဲ။ အစ္စရေးမိသားစုတွေမှာ ဘုရားသခင်နဲ့ ဆက်ဆံရေးကောင်း မရှိတော့ဘူး။ အိမ်ထောင်ဦးစီးတွေဟာ တရားဟောရာ ၆:၅-၇ မှာပါတဲ့ ယေဟောဝါရဲ့ ညွှန်ကြားချက်ကို မလိုက်ကြတော့ဘူး။

ဘုရားနဲ့ဆက်ဆံရေးကောင်းတဲ့ မိသားစုတွေဟာ အသင်းတော်ကို စည်းလုံးစေတယ်။ အိမ်ထောင်ဦးစီးတွေဟာ မိသားစုဝင်တွေ ယေဟောဝါကို မမေ့ဖို့ မိသားစုဝတ်ပြုမှု မှန်မှန်လုပ်ဖို့ လိုတယ်။ (ဆာ. ၂၂:၂၇) ဒီစကားတွေကို နှလုံးသွင်းရမယ်—မိသားစု လူတွေ့မေးမြန်ခန်းများ ဗီဒီယိုကို ကြည့်ပြီး ဒီမေးခွန်းတွေကို ဖြေပါ။

  • မိသားစုဝတ်ပြုမှုလုပ်ဖို့ ကြုံရတဲ့အခက်အခဲတွေကို မိသားစုတချို့ ဘယ်လို ကျော်လွှားနိုင်ခဲ့သလဲ။

  • မိသားစုဝတ်ပြုမှုကို မှန်မှန်ပြုလုပ်ခြင်းက ဘယ်လိုအကျိုးရှိစေသလဲ။

  • မိသားစုဝတ်ပြုမှုလုပ်ဖို့ ဘယ်လိုအခက်အခဲတွေ ရှိသလဲ။ ဒါကို ဘယ်လိုကျော်လွှားဖို့ ကြိုးစားမလဲ။