မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ခရစ်ယာန်အသက်တာလမ်းစဉ်

အမှုဆောင်လုပ်ငန်းမှာ တိုးတက်အောင် လုပ်ဆောင်ခြင်း—ကြိုတင်ပြင်ဆင်ဖို့ သင်သားကို သင်ပေးပါ

အမှုဆောင်လုပ်ငန်းမှာ တိုးတက်အောင် လုပ်ဆောင်ခြင်း—ကြိုတင်ပြင်ဆင်ဖို့ သင်သားကို သင်ပေးပါ

ဘာကြောင့် အရေးကြီး– သင်သား ကြိုတင်ပြင်ဆင်​ထားတယ်​ဆိုရင် သင်ပေး​တာကို ပို​နားလည်လွယ်​ပြီး မှတ်မိ​စေတယ်။ ပို​နားလည် မှတ်မိ​လေ မြန်မြန်​တိုးတက်​လေ​ပဲ။ နှစ်ခြင်းခံ​ပြီးရင်​တောင် အစည်းအဝေး​တွေနဲ့ အမှုဆောင်လုပ်ငန်း​အတွက် ကြိုတင်ပြင်ဆင်​ဖို့ လို​မယ်၊ ဒါမှ “သတိ​နဲ့ စောင့်နေ” နိုင်မှာ​ဖြစ်တယ်။ (မ ၂၅:၁၃) ဒါကြောင့် လေ့လာနည်း​ကို သိ​ပြီး ပုံမှန်​လေ့လာတဲ့ အကျင့်ကောင်း​ရှိတာ​က ဘဝတစ်လျှောက်လုံး​ကို အကျိုးပြု​တယ်။ အစ​ကတည်းက ကျမ်းစာသင်အံမှု​အတွက် ကြိုတင်ပြင်ဆင်​တဲ့​အကျင့် ရှိအောင် သင်သားတွေ​ကို ကူညီပေး​သင့်တယ်။

လုပ်ဆောင်နိုင်ရာ–

  • ပုံသက်သေ​ကောင်း ပြပါ။ (ရ ၂:၂၁) သင်သား​တစ်ယောက်စီကို စိတ်ထဲ​ထားပြီး သင်အံမှု​တိုင်း​အတွက် ပြင်ဆင်​ပါ။ (km ၁၁/၁၅ ၃) သင့်​စာအုပ်​မှာ မျဉ်း​သား​ထားတာ​တွေကို မြင်တွေ့​စေ​ပါ

  • ပြင်ဆင်​ဖို့ အားပေးပါ။ ကြိုတင်ပြင်ဆင်​တာ​က ကျမ်းစာသင်အံမှုရဲ့ တစ်စိတ်တစ်ပိုင်း​ဖြစ်တယ်၊ ဘာ​အကျိုး​တွေ ရရှိ​စေတယ်​ဆိုတာ သင်အံမှု​စ​လုပ်တာ​နဲ့ ပြောပြ​ပါ။ ကြိုတင်ပြင်ဆင်​ဖို့ အချိန်​ရအောင် လုပ်နိုင်​တဲ့ လက်တွေ့ကျ အကြံပြုချက်​တွေ ပြောပြ​ပါ။ ကျမ်းစာသင်ပေး​သူ​တချို့ဟာ ကျမ်းစာသင်​နေချိန်​မှာ မျဉ်း​သား​ထားတဲ့ မိမိ​တို့ရဲ့ စာအုပ်ကို သင်သားကို ပေးထား​ခြင်းအားဖြင့် ရရှိတဲ့​အကျိုး​ကို သိမြင်​လာအောင် ကူညီပေးတယ်။ သင်သား ပြင်ဆင်​ထားတာကို ချီးမွမ်း​ပါ

  • ပြင်ဆင်ပုံ​ကို ပြ​ပေးပါ။ ကျမ်းစာသင်ပေး​သူ​တချို့ဟာ အစောပိုင်း​က​တည်း​က ကျမ်းစာသင်​ချိန်​တစ်ခုမှာ ကျမ်းစာ​မသင်​ဘဲ ကြိုတင်ပြင်ဆင်​ပုံကို ပြ​ပေးတယ်