မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | မဿဲ ၂၅

“သတိနဲ့ စောင့်နေကြပါ”

“သတိနဲ့ စောင့်နေကြပါ”

၂၅:၁-၁၂

ယေရှုရဲ့ အပျိုစင် ၁၀ ယောက် ပုံဥပမာ​က ဘိသိက်ခံ​နောက်လိုက်​တွေကို ရည်ရွယ်​ပေ​မဲ့ ဆိုလိုရင်း​က​တော့ ခရစ်ယာန်​အားလုံး​နဲ့ သက်ဆိုင်​တယ်။ (က​၁၅ ၃/၁၅ ၉-၁၄) “ဒါကြောင့် အဲဒီ​နေ့၊ အဲဒီ​အချိန်ကို ခင်ဗျား​တို့ မသိ​တဲ့အတွက် သတိ​နဲ့​စောင့်နေ​ကြပါ။” (မ ၂၅:၁၃) ယေရှုရဲ့ ပုံဥပမာ​ကို ရှင်းပြ​နိုင်မလား။

  • သတို့သား (အခန်းငယ် ၁)—ယေရှု

  • သတိ​ပညာနဲ့ ကြိုတင်ပြင်ဆင်​မှု​ရှိတဲ့ အပျိုစင်များ (အခန်းငယ် ၂)—တာဝန်ကို သစ္စာရှိရှိ ထမ်းဆောင်ဖို့ ကြိုတင်ပြင်ဆင်​ပြီး အလင်းဆောင်သူ​တွေအဖြစ် အဆုံးအထိ ထွန်းလင်း​နေတဲ့ ဘိသိက်ခံ ခရစ်ယာန်များ (ဖိ ၂:၁၅)

  • အော်​သံ– “သတို့သား လာ​နေ​ပြီ။” (အခန်းငယ် ၆) —ယေရှု​ရောက်ရှိခြင်း အထောက်အထား

  • ဉာဏ်​မရှိတဲ့ အပျိုစင်​များ (အခန်းငယ် ၈)—သတို့သား​ကို တွေ့​ဖို့​သွားပေ​မဲ့ နိုးနိုးကြားကြား​မရှိ၊ သမာဓိ မ​စောင့်ထိန်း​တဲ့ ဘိသိက်ခံ ခရစ်ယာန်များ

  • ဆီ​ပေးဖို့ သတိ​ပညာရှိ​အပျိုစင်​တွေ ငြင်းဆို (အခန်းငယ် ၉)—နောက်ဆုံး​တံဆိပ်ခတ်​ပြီးနောက်​မှာ သစ္စာ​မရှိ​သူတွေကို ကူညီဖို့ သစ္စာရှိ​သူ ဘိသိက်ခံ​တွေအတွက် သိပ်​နောက်ကျ​သွား

  • “သတို့သား ရောက်လာ” (အခန်းငယ် ၁၀)—ကြီးစွာသောဒုက္ခ အဆုံးပိုင်း​နား​မှာ တရားစီရင်​ဖို့ ယေရှု ရောက်လာ

  • သတိ​ပညာ​ရှိတဲ့ အပျိုစင်​တွေ​က သတို့သား​နဲ့အတူ ဧည့်ခံ​ကျွေးမွေး​တဲ့​နေရာ​ကို ဝင်​သွား၊ အဲဒီနောက် တံခါးပိတ်​သွား (အခန်းငယ် ၁၀) —ယေရှု​က သစ္စာရှိ​ဘိသိက်ခံ​တွေကို ကောင်းကင်​ကို စုသိမ်း၊ သစ္စာမဲ့​သူတွေက​တော့ ကောင်းကင်​ဆုကျေးဇူး ဆုံးၡုံး