မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | မဿဲ ၂၀-၂၁

“ကြီးမြတ်ချင်သူတိုင်း အစေခံဖြစ်ရမယ်”

“ကြီးမြတ်ချင်သူတိုင်း အစေခံဖြစ်ရမယ်”

၂၀:၂၈

မာနကြီးတဲ့ ဇဒ္ဒုကဲ​တွေ၊ ဖာရိရှဲ​တွေဟာ ဈေး​မှာ အာရုံစိုက်​ခံ​ချင်၊ နှုတ်ဆက်​ခံချင်ကြတယ်

မာနကြီးတဲ့ ဇဒ္ဒုကဲ​တွေနဲ့ ဖာရိရှဲ​တွေဟာ အထင်ကြီး​ခံ​ချင်၊ ထင်ပေါ်​ချင်​ကြတယ်။ (မ ၂၃:၅-၇) ယေရှု​က​တော့ အဲဒီလို မဟုတ်ဘူး။ “သူတစ်ပါး​ကို စေခိုင်း​ဖို့ လာ​တာ မဟုတ်ဘူး။ သူတစ်ပါး​အစေ​ကို​ခံ” ဖို့ ရောက်လာ​တာ။ (မ ၂၀:၂၈) အသိအမှတ်ပြု​ခံရ၊ ချီးမွမ်း​ခံရတဲ့ ဝတ်ပြုရေး​ဆိုင်ရာ လုပ်ဆောင်မှု​တွေကို​ပဲ ကျွန်တော်တို့ အဓိက အာရုံစိုက်​သလား။ ယေဟောဝါ​ရှေ့မှာ ကြီးမြတ်​ချင်​တယ်ဆိုရင် ယေရှု​လိုပဲ တခြား​သူတွေကို ကူညီဖို့ အတတ်နိုင်ဆုံး လုပ်ဆောင်ကြ​မှာ​ဖြစ်တယ်။ အဲဒီ​အလုပ်​မျိုး​ကို လူတွေ မမြင်​ဘူး။ ယေဟောဝါ​ပဲ မြင်​တယ်။ (မ ၆:၁-၄) နှိမ့်ချ​တဲ့ အမှုဆောင်သူ​ဟာ . . .

  • ခန်းမ သန့်ရှင်းရေး၊ ပြုပြင်​ထိန်းသိမ်းရေး​မှာ ပါဝင်လုပ်ဆောင်​တယ်

  • အသက်ကြီး​သူတွေ၊ တခြား​သူတွေကို ကူညီဖို့ အစပြုလုပ်ဆောင်​တယ်

  • နိုင်ငံ​တော်​လုပ်ငန်း​အတွက် အလှူငွေ ထည့်​တယ်