ခရစ်ယာန်အသက်တာလမ်းစဉ်
အမှုဆောင်လုပ်ငန်းမှာ တိုးတက်အောင် လုပ်ဆောင်ခြင်း—စာရေးခြင်း
ဘာကြောင့်အရေးကြီး– ၁ ကောရိန္သုကျမ်းဟာ ခရစ်ယာန်တွေဆီ တမန်တော်ပေါလု ရေးခဲ့တဲ့ အားပေးစာ ၁၄ စောင်ထဲက တစ်စောင်ဖြစ်ပါတယ်။ စာရေးတဲ့အခါ အချိန်ယူ၊ စကားလုံးတွေကို သေသေချာချာရွေးပြီး ရေးမယ်ဆိုရင် စာကို လက်ခံတဲ့သူက ခဏခဏ ပြန်ဖတ်ချင်ပါလိမ့်မယ်။ ဆွေမျိုးတွေ၊ မိတ်ဆွေတွေကို စာရေးပြီး သက်သေခံတာကလည်း နည်းလမ်းကောင်းတစ်ခုပါပဲ။ လူချင်း မတွေ့နိုင်သူတွေကို သက်သေခံနိုင်တဲ့ ထိရောက်တဲ့ နည်းလမ်းလည်း ဖြစ်တယ်။ ဥပမာ၊ စိတ်ဝင်စားမှုပြတဲ့ လူတစ်ယောက်ကို အိမ်မှာ တွေ့ဖို့ ခက်နေမယ်။ လုံခြုံရေးတင်းကျပ်တဲ့ အဆောက်အဦတွေ၊ ဝင်းတံခါးရှိတဲ့ ရပ်ကွက်တွေ၊ သီးခြားဖြစ်နေတဲ့ နေရာတွေမှာ နေထိုင်သူတွေကို ဟောပြောဖို့ ခက်နိုင်တယ်။ သူစိမ်းတစ်ယောက်ဆီ စာရေးတဲ့အခါ ဘယ်အချက်တွေကို သိထားသင့်သလဲ။
လုပ်ဆောင်နိုင်ရာ–
-
လူချင်းတွေ့တဲ့အခါ ပြောမယ့်အကြောင်းကို ရေးပါ။ နိဒါန်းမှာ ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်ပါ၊ စာရေးရတဲ့ အကြောင်းရင်းကို ရှင်းရှင်းလင်းလင်း ဖော်ပြပါ။ သူ့ကို စဉ်းစားစေတဲ့ မေးခွန်းတစ်ခု မေးပါ၊ ဝက်ဘ်ဆိုက်ကို ညွှန်ပြပါ။ ပြီးနောက် ကျမ်းစာသင်အံမှု အစီအစဉ်အကြောင်း ဒါမှမဟုတ် ကျမ်းစာလေ့လာမှု အထောက်အကူပြု စာပေတစ်ခုခုထဲက အခန်းတစ်ခန်းရဲ့ ခေါင်းစဉ်ကို ဖော်ပြပါ။ ဝက်ဘ်ဆိုက် လိပ်စာကတ်၊ ဖိတ်စာ၊ ဝေစာ တစ်ခုခု ထည့်ပေးနိုင်ပါတယ်။
-
လိုရင်းပဲ ရေးပါ။ စာကို အရှည်ကြီး မရေးပါနဲ့၊ စာရှည်ရင် ဖတ်ရတာ ငြီးငွေ့သွားနိုင်တယ်။—နမူနာ စာကို ကြည့်ပါ။
-
အမှား ရှိသလား၊ ဖတ်ရ လွယ်သလား၊ ရင်းနှီးတဲ့ သဘောပါသလား၊ အဆင်ပြေသလား၊ အပြုသဘော ပါသလား ဆိုတာ ပြန်စစ်ပါ။ တံဆိပ်ခေါင်း အလုံအလောက် ကပ်ပါ။ မဟုတ်ရင် စာလက်ခံသူက စာရွေးဖို့ အကုန်အကျ ခံရနိုင်တယ်။