ခရစ်ယာန်အသက်တာလမ်းစဉ်
နမူနာ စာ
-
ကိုယ့်လိပ်စာကို သုံးပါ။ ကိုယ့်လိပ်စာ ပေးဖို့ မသင့်ဘူးလို့ ယူဆရင်၊ အကြီးအကဲတွေ ခွင့်ပြုမယ်ဆိုရင် နိုင်ငံတော်ခန်းမ လိပ်စာကို ပေးပါ။ ဒါပေမဲ့ ဌာနခွဲရုံးရဲ့ လိပ်စာကို ဘယ်တော့မှ မသုံးပါနဲ့။
-
ကိုယ်စာရေးမယ့်သူရဲ့ နာမည်ကို သိတယ်ဆိုရင် သူ့နာမည်ကို သုံးပါ။ အဲဒီလိုဆိုရင် စီးပွားရေးကြော်ငြာလို့ ထင်တော့မှာ မဟုတ်ဘူး။
-
စာလုံးပေါင်းသတ်ပုံ၊ သဒ္ဒါ၊ အဖြတ်အရပ် မှန်အောင် ဂရုစိုက်ပါ။ သပ်သပ်ရပ်ရပ် ရေးပါ။ လက်နဲ့ရေးတယ်ဆိုရင် ဖတ်ရလွယ်အောင် ရေးပါ။ အသုံးအနှုန်းတွေက ပေါ့ပျက်ပျက် မဖြစ်သင့်သလို စကားကြီးစကားကျယ်လည်း မဖြစ်သင့်ဘူး။
ဖော်ပြထားတဲ့ နမူနာစာမှာ ဒီအချက်တွေ ပါဝင်တယ်။ နမူနာမှာပါတဲ့အတိုင်း တစ်လုံးမကျန် ကူးရေးစရာ မလိုပါဘူး။ စာရဲ့ ရည်ရွယ်ချက်၊ ဒေသအခြေအနေ၊ ထုံးစံနဲ့အညီ စာကို ပြုပြင်နိုင်ပါတယ်။