သင်ဟာ စိတ်အလိုလိုက်တဲ့သူလား၊ စွမ်းအားတော်ရဲ့ လမ်းပြမှုနောက်ကို လိုက်တဲ့သူလား
ကျွန်တော်တို့ တစ်ယောက်စီဟာ ဘုရားတရားစိတ်ဓာတ် ပျိုးထောင်ဖို့၊ ယေဟောဝါ စဉ်းစားသလို စဉ်းစားတတ်အောင် ဆက်သင်ယူနေဖို့ လိုတယ်။ (ဧ ၄:၂၃၊ ၂၄) အဲဒီလို ဖြစ်ဖို့ဆိုရင် ကိုယ့်ကိုယ်ကိုယ် ဘုရားရေးရာတွေနဲ့ အမြဲ အားဖြည့်နေရမယ်၊ ဘုရားရေးရာ ပန်းတိုင်တွေ ချရမယ်၊ စွမ်းအားတော်ကြောင့် ဖြစ်ပေါ်လာတဲ့ အရည်အသွေးတွေ မွေးမြူရမယ်။
အခု ဘုရားသခင်နဲ့ သင့်ရဲ့ ဆက်ဆံရေးဟာ လွန်ခဲ့တဲ့ တစ်နှစ်၊ ဆယ်နှစ်၊ နှစ်ခြင်းခံခါစအချိန်နဲ့ နှိုင်းယှဉ်ရင် ဘယ်လို အခြေအနေ ရှိသလဲ