မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | ရောမ ၁၂-၁၄

ခရစ်ယာန်မေတ္တာပြတယ်ဆိုတာ ဘာကို ဆိုလိုသလဲ

ခရစ်ယာန်မေတ္တာပြတယ်ဆိုတာ ဘာကို ဆိုလိုသလဲ

၁၂:၁၀၊ ၁၇-၂၁

တစ်ယောက်ယောက်​က ကိုယ့်ကို မကြင်မနာ ဆက်ဆံ​တဲ့အခါ မကြင်မနာ မတုံ့ပြန်​ရုံ​သာမက ကြင်နာတဲ့​လုပ်ရပ် ပြန်​ပြဖို့​ဆိုရင် ခရစ်ယာန်​မေတ္တာ ရှိရမယ်။ “ရန်သူ ဆာလောင်​နေရင် ကျွေးမွေး​လိုက်ပါ။ ရေငတ်​နေရင် သောက်စရာ ပေးလိုက်ပါ။ အဲဒီလိုလုပ်ရင် သူ့​ခေါင်း​ပေါ် မီးခဲ​တွေ ပုံ​ထားရာ​ရောက်မယ်။” (ရ ၁၂:၂၀) ဒါကြောင့် ကိုယ့်​အပေါ် မတရား​ဆက်ဆံ​တဲ့​သူကို ကြင်နာမှု ပြမယ်​ဆိုရင် သူ့ရဲ့ လုပ်ရပ်​အတွက် သူ နောင်တရ ဝမ်းနည်း​နိုင်ပါတယ်။

ကိုယ်က မရည်ရွယ်​ဘဲ တစ်ယောက်ယောက်ကို စိတ်​ထိခိုက်အောင် လုပ်မိ​ပေမဲ့ သူက ကြင်နာမှု​နဲ့ တုံ့ပြန်​တယ်​ဆိုရင် ဘယ်လို ခံစား​ရသလဲ