စကားစမြည် ပြောဆိုနိုင်ပုံ နမူနာ
●○○ ဦးဆုံးတွေ့ဆုံချိန်
မေးခွန်း– လူသားတွေနဲ့ ပတ်သက်တဲ့ ဘုရားရဲ့ ရည်ရွယ်ချက်က ဘာလဲ။
ကျမ်းချက်– က ၁:၂၈
နောက်လည်ပတ်မှုအတွက်– ဘုရားက လူသားတွေနဲ့ ပတ်သက်တဲ့ သူ့ရဲ့ ရည်ရွယ်ချက်ကို ဖြစ်မြောက်အောင် လုပ်မယ်ဆိုတာ ဘယ်လို သိရသလဲ။
○●○ ပထမအကြိမ် ပြန်လည်ပတ်မှု
မေးခွန်း– ဘုရားက လူသားတွေနဲ့ ပတ်သက်တဲ့ သူ့ရဲ့ ရည်ရွယ်ချက်ကို ဖြစ်မြောက်အောင် လုပ်မယ်ဆိုတာ ဘယ်လို သိရသလဲ။
ကျမ်းချက်– ရှာ ၅၅:၁၁
နောက်လည်ပတ်မှုအတွက်– ဘုရားရဲ့ ရည်ရွယ်ချက် ဖြစ်မြောက်လာတဲ့အခါ ဘဝက ဘယ်လို ဖြစ်လာမလဲ။
○○● ဒုတိယအကြိမ် ပြန်လည်ပတ်မှု
မေးခွန်း– ဘုရားရဲ့ ရည်ရွယ်ချက် ဖြစ်မြောက်လာတဲ့အခါ ဘဝက ဘယ်လို ဖြစ်လာမလဲ။
ကျမ်းချက်– ဆ ၃၇:၁၀၊ ၁၁
နောက်လည်ပတ်မှုအတွက်– ဘုရားရဲ့ ကတိတော်တွေကနေ အကျိုးခံစားရဖို့ ဘာလုပ်ရမလဲ။
အောက်မေ့ရာပွဲဖိတ်စာ ကင်ပိန်း (မတ် ၂၃–ဧပြီ ၁၉)–
သိပ်အရေးကြီးတဲ့ ပွဲနေ့တစ်ခုကို တက်ရောက်ဖို့ လာဖိတ်တာပါ။ ဒါက ဖိတ်စာပါ။ ကမ္ဘာတစ်ဝန်းက သန်းနဲ့ချီတဲ့ လူတွေဟာ ဧပြီ ၁၉ ရက်၊ သောကြာနေ့မှာ ယေရှုခရစ်ရဲ့ သေခြင်း အောက်မေ့ရာပွဲ ကျင်းပဖို့ စုဝေးကြမယ်။ ဒီဖိတ်စာထဲမှာ ကျင်းပမယ့် အချိန်နဲ့ နေရာ ပါတယ်။ အဲဒီနေ့မတိုင်ခင် အပတ်မှာ ဟောမယ့် “စစ်မှန်သောအသက် ရဖို့ ကြိုးစားပါ” ဆိုတဲ့ ဟောပြောချက်ကို လာနားထောင်ဖို့လည်း ဖိတ်ခေါ်ပါတယ်။
စိတ်ဝင်စားတယ်ဆိုရင် နောက်လည်ပတ်မှုအတွက်– ယေရှု ဘာကြောင့် အသေခံရသလဲ။