မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | ကမ္ဘာဦး ၂၉-၃၀

ယာကုပ် အိမ်ထောင်ပြု

ယာကုပ် အိမ်ထောင်ပြု

၂၉:၁၈-၂၈

အိမ်ထောင်​ပြုတဲ့​အခါ အခက်အခဲ​တွေ ကြုံတွေ့​ရမယ်​မှန်း ယာကုပ် ကြို​မသိခဲ့ဘူး။ ရာခေလ​နဲ့ လေအာ​တို့ဟာ ပြိုင်ဘက်​တွေ ဖြစ်လာတယ်။ (က ၂၉:၃၂။ ၃၀:၁၊ ၈) ဒါပေမဲ့ အခက်အခဲ​တွေ​ကြားမှာ ယေဟောဝါ အမြဲ​ကူညီပေး​မှန်း ယာကုပ် သိမြင်ခဲ့တယ်။ (က ၃၀:၂၉၊ ၃၀၊ ၄၃) နောက်ဆုံးမှာ ယာကုပ်ရဲ့ သားမြေးတွေဟာ အစ္စရေး​လူမျိုး ဖြစ်လာတယ်။—ရု ၄:၁၁

အခု​အချိန်မှာလည်း အိမ်ထောင်ပြု​ဖို့ ဆုံးဖြတ်​သူတွေဟာ အခက်အခဲ​တွေ ကြုံတွေ့​ရမယ်။ (၁က ၇:၂၈) ဒါပေမဲ့ ယေဟောဝါကို အားကိုး​ပြီး ကျမ်းစာ​မူတွေကို လက်တွေ့​ကျင့်​မယ်​ဆိုရင် အောင်မြင်၊ ပျော်ရွှင်တဲ့​အိမ်ထောင် တည်ဆောက်​နိုင်ပါတယ်။ —ပ ၃:၅၊ ၆။ ဧ ၅:၃၃