ခရစ်ယာန်အသက်တာလမ်းစဉ်
အမှုဆောင်လုပ်ငန်းမှာ တိုးတက်အောင် လုပ်ဆောင်ခြင်း—မျက်မမြင်တွေကို သက်သေခံခြင်း
ဘာကြောင့်အရေးကြီး– မျက်မမြင်အများစုဟာ သူစိမ်းတွေနဲ့ စကားပြောရတာကို မကြိုက်ကြဘူး။ ဒါကြောင့် သူတို့ကို သက်သေခံရာမှာ လိမ္မာပါးနပ်ဖို့ လိုတယ်။ ယေဟောဝါဟာ မျက်မမြင်တွေကို မေတ္တာပါပါ ဂရုစိုက်တယ်။ (ဝ ၁၉:၁၄) ယေဟောဝါအကြောင်း သိလာအောင် မျက်မမြင်တွေကို ကူညီပေးခြင်းအားဖြင့် ဘုရားရဲ့ စံနမူနာကို အတုယူနိုင်ပါတယ်။
လုပ်ဆောင်နိုင်ပုံ–
-
မျက်မမြင်တွေကို “ရှာ” ပါ။ (မ ၁၀:၁၁) မျက်မမြင်တွေရဲ့ မိသားစုဝင် တစ်ယောက်ယောက်ကို သင်သိပါသလား။ သင့်ဒေသမှာ မျက်မမြင်တွေအတွက် ထုတ်ဝေထားတဲ့ စာပေတွေ လိုချင်တဲ့ ကျောင်း၊ ပြုစုစောင့်ရှောက်ရေး ဂေဟာနဲ့ တခြား တစ်ခုခု ရှိသလား။
-
ပုဂ္ဂိုလ်ရေး စိတ်ဝင်စားမှုပြပါ။ မျက်မမြင်တွေဟာ သူတို့ကို ရင်းရင်းနှီးနှီး စိတ်ဝင်စားမှုပြတဲ့အခါ ပိုပြီး သက်သောင့်သက်သာ ရှိကြတယ်။ ဒေသအတွင်းမှာ စိတ်ဝင်စားတဲ့ အကြောင်းအရာပေါ် အခြေခံပြီး စကားစပြောဖို့ ကြိုးစားပါ
-
ဘုရားရေးရာမှာ အကူအညီပေးပါ။ မျက်မမြင်တွေကို ကူညီပေးဖို့ အဖွဲ့အစည်းက ပုံစံအမျိုးမျိုးနဲ့ စာပေတွေ ထုတ်ဝေထားပါတယ်။ ဘယ်လိုပုံစံနဲ့ လေ့လာရတာကို ပိုကြိုက်သလဲဆိုတာ မေးပါ။ မျက်မမြင်သူ နှစ်သက်တဲ့ စာပေပုံစံကို စာအုပ်စာတမ်း အမှုထမ်း တောင်းခံကြောင်း လုပ်ငန်းတော်ကြီးကြပ်မှူးက သေချာစေသင့်တယ်။