မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မတ် ၉-၁၅

ဘယ်သူတွေကို ဖိတ်မလဲ

ဘယ်သူတွေကို ဖိတ်မလဲ

အောက်မေ့ရာပွဲ တက်ရောက်​ဖို့ ရပ်ကွက်မှာ​ရှိတဲ့ လူတွေကို ဖိတ်ခေါ်​ရာ​မှာ နှစ်​တိုင်း အထူး​ကြိုးစား​အားထုတ်​ကြတယ်။ အများစုဟာ ကျွန်တော်တို့ မသိ​သူတွေ ဖြစ်တယ်။ ကျွန်တော်တို့ သိတဲ့​သူတွေကိုလည်း ဖိတ်ခေါ်​သင့်ပါတယ်။ လူတွေဟာ သိကျွမ်းသူ​တွေ ဖိတ်ခေါ်​ရင် ပို​တက်​ချင်ကြတယ်။ (yb​08 ၁၁ ပိုဒ်. ၃၁၄ ပိုဒ်. ၁) သင် သိကျွမ်းတဲ့ ဘယ်သူတွေကို ဖိတ်ခေါ်​နိုင်သလဲ။

  • ဆွေမျိုးများ

  • အလုပ်ဖော်​များ၊ ကျောင်းနေဖက်​များ

  • အိမ်နီးချင်း​များ

  • ပြန်လည်ပတ်မှု​များ၊ ယခင်​နဲ့ လက်ရှိ ကျမ်းစာသင်​သားများ

အဲဒီအပြင် အကြီးအကဲ​တွေဟာ မလှုပ်မရှား​ဖြစ်နေသူတွေကို ဖိတ်ခေါ်​နိုင်ပါတယ်။ သင်​သိကျွမ်းသူ​တွေ​က သင့်​ရပ်ကွက်မှာ မနေဘူး​ဆိုရင်ကော။ သူ​နေထိုင်တဲ့ နေရာမှာ ကျင်းပမယ့်​နေရာ​နဲ့ အချိန်ကို သိနိုင်ဖို့ jw.org ရဲ့ ပင်မ​စာမျက်နှာမှာ ကျွန်တော်တို့​အကြောင်း အောက်​က “အောက်မေ့ရာပွဲ” မှာ ရှာ​နိုင်ပါတယ်။ ဒီ​နှစ် ပွဲတော်​အတွက် ပြင်ဆင်​တဲ့အခါ ဖိတ်ခေါ်​မယ့်​သူတွေကို စဉ်းစားပါ၊ ပြီးရင် ဖိတ်ခေါ်ပါ။