ခရစ်ယာန်အသက်တာလမ်းစဉ်
မိသားစုမှာ မေတ္တာပြပါ
မေတ္တာဟာ မိသားစုကို စည်းလုံးတွယ်ကပ်နေစေတဲ့ ကော် ဖြစ်ပါတယ်။ မေတ္တာ မရှိတဲ့ မိသားစုဟာ စည်းလုံးညီညွတ်မှု မရှိနိုင်ဘူး။ မိသားစုမှာ လင်ယောက်ျား၊ ဇနီးသည်နဲ့ မိဘတွေ ဘယ်လို မေတ္တာပြနိုင်သလဲ။
မေတ္တာရှိတဲ့ လင်ယောက်ျားဟာ ဇနီးသည်ရဲ့ လိုအပ်ရာတွေ၊ ရှုမြင်ပုံတွေ၊ ခံစားချက်တွေကို ထည့်စဉ်းစားတယ်။ (ဧ ၅:၂၈၊ ၂၉) မိသားစုရဲ့ ဝတ်ပြုရေးနဲ့ ကာယရေး လိုအပ်ရာတွေကို ထောက်ပံ့ပေးတယ်။ မိသားစုဝတ်ပြုမှု အစီအစဉ်ကို ပုံမှန် လုပ်ပေးတယ်။ (၁တိ ၅:၈) မေတ္တာရှိတဲ့ ဇနီးသည်ဟာ လင်ယောက်ျားကို လက်အောက်ခံတယ်၊ “အလွန် ရိုသေ” တယ်။ (ဧ ၅:၂၂၊ ၃၃။ ၁ပ ၃:၁-၆) အချင်းချင်း ကြည်ကြည်ဖြူဖြူ ခွင့်လွှတ်ရမယ်။ (ဧ ၄:၃၂) မေတ္တာရှိတဲ့ မိဘတွေဟာ သားသမီးတစ်ယောက်စီကို စိတ်ဝင်စားတယ်။ ယေဟောဝါကို ချစ်လာအောင် သွန်သင်ပေးတယ်။ (တရ ၆:၆၊ ၇။ ဧ ၆:၄) ကျောင်းမှာ သားသမီးတွေ ဘာအခက်အခဲတွေ ရင်ဆိုင်ရသလဲ။ ရွယ်တူချင်းဖိအားကို ဘယ်လို ဖြေရှင်းနေသလဲ။ မိသားစုမှာ မေတ္တာနှောင်ကြိုး ရှိတယ်ဆိုရင် မိသားစုဝင်အားလုံး လုံခြုံတယ်လို့ ခံစားရမယ်။
မိသားစုအတွင်း အစဉ်တည်တဲ့မေတ္တာ တင်ပြပါ ဗီဒီယိုကို ကြည့်ပါ။ ပြီးနောက် အောက်ပါမေးခွန်းတွေကို ဖြေပါ။
-
မေတ္တာရှိတဲ့ လင်ယောက်ျားဟာ ဇနီးသည်ကို ဘယ်လို ကျွေးမွေးပြီး မြတ်နိုးသလဲ။
-
မေတ္တာရှိတဲ့ ဇနီးသည်ဟာ လင်ယောက်ျားကို ဘယ်လို အလွန် ရိုသေသလဲ။
-
မေတ္တာရှိတဲ့ မိဘတွေဟာ သားသမီးတွေကို ဘုရားရဲ့ စကားတွေ စိတ်စွဲမှတ်သွားအောင် ဘယ်လို သွန်သင်ပေးသလဲ။