မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အမှုဆောင်​လုပ်ငန်းမှာ ကျင့်သုံး​ပါ | အမှုဆောင်​လုပ်ငန်းမှာ ပို​ပျော်ရွှင်​နိုင်​ပုံ

ထက်ထက်သန်သန် သွန်သင်ပါ

ထက်ထက်သန်သန် သွန်သင်ပါ

ထက်သန်မှု​ဆိုတာ ကူးစက်​တယ်။ နားထောင်​နေ​သူတွေရဲ့ အာရုံ​ကို ဖမ်းစား​နိုင်တယ်။ ကိုယ်​ပြော​နေတဲ့ သတင်းစကားကို အလေးအနက်​ထား​ကြောင်း​လည်း ဖော်ပြ​တယ်။ ဘယ်ယဉ်ကျေးမှု၊ နောက်ခံ၊ ကိုယ်​ရည်​ကိုယ်​သွေး​ပဲ ရှိပါစေ ထက်သန်မှု​ကို မွေးမြူ​နိုင်တယ်။ (ရ ၁၂:၁၁) ဘယ်လို​နည်းနဲ့လဲ။

ပထမ၊ သတင်း​စကား​ရဲ့ အရေးကြီးမှုကို စဉ်းစားပါ။ “ကောင်းကျိုး​ချမ်းသာ​နဲ့​ ဆိုင်​တဲ့ သတင်းကောင်းကို ကြေညာ” ရတဲ့ အခွင့်ထူး​ကို ကျွန်တော်​တို့ ရရှိ​ထား​တယ်။ (ရ ၁၀:၁၅) ဒုတိယ၊ သတင်းကောင်း​က နားထောင်​သူတွေရဲ့ အသက်တာကို ဘယ်လို တိုးတက်စေ​နိုင်တယ်​ဆိုတာ စဉ်းစားပါ။ ကျွန်တော်​တို့​ ပြော​တာ​ကို သူတို့ ကြား​ရဖို့ လိုတယ်။ (ရ ၁၀:၁၃၊ ၁၄) တတိယ၊ သဘာဝ​ကျ​တဲ့ ကိုယ်ဟန်​အမူအယာ၊ မျက်နှာ​နေ​မျက်နှာထား​နဲ့ ထက်ထက်သန်သန် ပြောဆို​ပါ။

တပည့်​ဖြစ်စေခြင်း​ လုပ်ငန်းမှာ ပျော်ရွှင်​ဖို့ စွမ်းရည်​များ​ကို မြှင့်တင်​ပါ—ထက်ထက်သန်သန် သွန်သင်ခြင်း ဗီဒီယိုကို ကြည့်​ပါ။ ပြီး​နောက် အောက်ပါ​မေးခွန်းတွေကို ဖြေပါ။

  • ဂျက်စမင်​နဲ့ ကျမ်းစာ​သင်​ရတာကို နီ​တာ ဘာကြောင့် စိတ်ပျက်​လာသလဲ။

  • နီ​တာ ပြန်​ပြီး ထက်သန်​လာအောင် ဘာက ကူညီပေး​ခဲ့​သလဲ။

  • ထက်သန်မှု​ဆိုတာ ကူးစက်​တယ်

    နားထောင်​နေ​သူတွေရဲ့ အရည်အသွေးကောင်း​တွေ​ကို ဘာကြောင့် အာရုံစိုက်​သင့်သလဲ။

  • ကိုယ့်ရဲ့ ထက်သန်မှု​က ကျမ်းစာ​သင်သားတွေ​နဲ့ တခြား​သူတွေ​အပေါ် ဘယ်လို အကျိုး​သက်ရောက်​နိုင်​သလဲ။