မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အမှုဆောင်​လုပ်ငန်းမှာ ကျင့်သုံး​ပါ | အမှုဆောင်​လုပ်ငန်းမှာ ပို​ပျော်ရွှင်​နိုင်​ပုံ

အဓိကအချက်တွေကို ပုံဥပမာပြပါ

အဓိကအချက်တွေကို ပုံဥပမာပြပါ

ပြန်လည်ပတ်မှု​တွေ၊ ကျမ်းစာ​သင်အံမှု​တွေ လုပ်တဲ့​အခါ နားထောင်​နေ​သူတွေ အဓိက​အချက်​တွေ​ကို နားလည်အောင် ကူညီ​ပေးဖို့ လိုတယ်။ အဓိက​အချက်​တွေ​ကို ဥပမာ​နဲ့ သင်ပေး​မယ်​ဆိုရင် စိတ်နှလုံး ထိမိ​ပြီး မှတ်မိ​ဖို့ လွယ်ကူ​စေမယ်။

ပြန်လည်ပတ်မှု၊ ကျမ်းစာ​သင်အံမှု​အတွက် ပြင်ဆင်​တဲ့​အခါ မလိုအပ်တဲ့ အသေးစိတ် အချက်အလက်​တွေ​ကို မဟုတ်ဘဲ ဥပမာ​ပေး​ချင်​တဲ့ အဓိက အချက်​တွေ​ကို ထုတ်နုတ်​ပါ။ နေ့စဉ်​ မြင်တွေ့​နေကျ အရာ​တွေ​ထဲ​က ရိုးရှင်းတဲ့ ဥပမာ​တွေ ရွေးပါ။ (မ ၅:၁၄-၁၆။ မာ ၂:၂၁။ လု ၁၄:၇-၁၁) သူတို့ရဲ့ နောက်ခံ​နဲ့ အလုပ်တွေကို ထည့်​စဉ်းစားပါ။ (လု ၅:၂-၁၁။ ယဟ ၄:၇-၁၅) အဓိက​အချက်​တွေ​ကို သူတို့​ နားလည်​ပြီး ပျော်ရွှင်​သွားတာကို မြင်တဲ့အခါ သင်လည်း ပျော်ရွှင်​ရပါလိမ့်မယ်။

တပည့်​ဖြစ်စေခြင်း​လုပ်ငန်းမှာ ပျော်ရွှင်​ဖို့ စွမ်းရည်​များ​ကို မြှင့်တင်​ပါ—အဓိက​အချက်​တွေ​ကို ပုံ​ဥပမာ​ပြ​ခြင်း ဗီဒီယိုကို ကြည့်ပါ။ ပြီး​နောက် အောက်ပါ​မေးခွန်းတွေကို ဖြေပါ။

  • ကျမ်းချက်​တွေ​ကို သင်သားတွေ နားလည်​ဖို့ ဘာကြောင့် အကူအညီ လိုသလဲ။

  • ရောမ ၅:၁၂ မှာ ပါတဲ့ အမှန်တရားကို နားလည်​ဖို့ နီ​တာ ဘယ်လို ဥပမာ ပေး​သလဲ။

  • ထိရောက်​တဲ့ ဥပမာ​တွေ​က စိတ်နှလုံး​ကို ထိမိ​စေ

    ထိရောက်​တဲ့ ပုံ​ဥပမာ​တွေ​က နားထောင်​နေသူတွေကို ဘယ်လို အကျိုး​ခံစား​ရစေ​သလဲ။

  • အမှုဆောင်​လုပ်ငန်းမှာ အဖွဲ့အစည်း​က ပြင်ဆင်​ပေး​ထား​တဲ့ ဗီဒီယိုတွေ​နဲ့ သွန်သင်ခြင်း ကိရိယာ​တွေ​ကို ဘာကြောင့် သုံးသင့်​သလဲ။