မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ခရစ်ယာန်​အသက်တာ​လမ်းစဉ်

“နောက်ဆုံးကာလ” ရဲ့ အဆုံးပိုင်းအချိန်အတွက် ပြင်ဆင်ထားပါ

“နောက်ဆုံးကာလ” ရဲ့ အဆုံးပိုင်းအချိန်အတွက် ပြင်ဆင်ထားပါ

“နောက်ဆုံး​ကာလ” ရဲ့ အဆုံးပိုင်း​မှာ အသက်ရှင်​နေရ​တဲ့​အတွက် ဆင်းရဲ​ဒုက္ခတွေ ပို​များ​လာမယ်လို့ မျှော်လင့်​ထား​ကြတယ်။ (၂တိ ၃:၁။ မ ၂၄:၈) သဘာဝဘေး ကြုံတွေ့​ရတဲ့အခါ ယေဟောဝါ​ရဲ့ လူမျိုးဟာ အသက်ကယ် လမ်းညွှန်ချက်တွေကို အချိန်မီ ရရှိ​ကြတယ်။ အဲဒီ​အချိန်ကို ရင်ဆိုင်​ကျော်ဖြတ်​ဖို့ အခု​အချိန်​မှာ ဝတ်ပြုရေး၊ ကာယရေး​ဘက် နာခံမှု​ရှိရှိ ပြင်ဆင်​ထား​ရမယ်။—လု ၁၆:၁၀

  • ဝတ်ပြုရေး​အတွက် ပြင်ဆင်​ပါ။ ပုံမှန်​လုပ်တဲ့​အကျင့် ရှိပါ။ အမှုဆောင်​လုပ်ငန်း ပုံစံ​အမျိုးမျိုးမှာ ပါဝင်​တတ်​အောင် သင်ယူပါ။ အသင်းတော်မှာ​ရှိတဲ့ ညီအစ်ကို/မ​တွေ​နဲ့ အဆက်အသွယ် ပြတ်​သွားတဲ့အခါ အထိတ်တလန့် မဖြစ်ပါနဲ့။ (ရှာ ၃၀:၁၅) ယေဟောဝါ​နဲ့ ယေရှုနဲ့​တော့ မဝေး​ဘူး​ဆိုတာ သတိရပါ။—od ၁၇၆ ပိုဒ်. ၁၅-၁၇။

  • ကာယရေး​အတွက် ပြင်ဆင်​ပါ။ တစ်​နေရာမှာ အချိန်​အတိုင်းအတာ တစ်ခု​အထိ ခိုလှုံ​ရမယ်​ဆိုရင် အသုံးပြု​ဖို့ အထားခံ​တဲ့ အစားအသောက်၊ ရေ၊ ဆေးဝါး​တွေ​ကို အရေးပေါ်​အိတ်ထဲမှာ ထည့်​ထား​ပါ။—ပ ၂၂:၃န​၁၇.၅ ၊ 

သဘာဝဘေးဒဏ်​အတွက် ပြင်ဆင်​ပြီးပြီ​လား ဗီဒီယိုကို ကြည့်​ပါ။ ပြီး​နောက် အောက်ပါ​မေးခွန်းတွေကို ဖြေပါ။

  • သဘာဝဘေး​ ကျရောက်ချိန်​မှာ ဘုရား​နဲ့ ဆက်ဆံ​ရေး ခိုင်မြဲ​ဖို့ ဘယ်လို ပြင်ဆင်​ထား​နိုင်​သလဲ။

  • အကြီးအကဲ​တွေ​နဲ့ ပုံမှန်​ ဆက်သွယ်​ဖို့ ဘာကြောင့် အရေးကြီး​သလဲ။

  • အရေးပေါ်​အိတ် ပြင်ဆင်​ထား​ဖို့ ဘာကြောင့် အရေးကြီး​သလဲ။

  • ဖြစ်လာ​နိုင်​တဲ့ သဘာဝဘေးတွေ​နဲ့ အခြေအနေ တစ်ခုစီ​မှာ ဘယ်လို လုပ်မလဲ​ဆိုတာ ဘာကြောင့် ကြိုတင် ပြင်ဆင်​ထား​သင့်သလဲ။

  • သဘာဝဘေး ကြုံတွေ့​နေရသူ​တွေ​ကို ဘယ်နည်း​လမ်း သုံးမျိုး​နဲ့ ကူညီပေး​နိုင်​သလဲ။

ကိုယ့်ကိုယ်ကိုယ် မေးပါ။ ‘ကိုရိုနာ ဗိုင်းရပ်စ် ကပ်ရောဂါ​ကနေ ဘာတွေ​ ပြင်ဆင်​ထား​ဖို့ ငါ သင်ခန်းစာ ရခဲ့​သလဲ။’