ခရစ်ယာန်အသက်တာလမ်းစဉ်
ဆန္ဒတွေကို ထိန်းချုပ်ပါ
မစုံလင်တဲ့ လူသားတွေ ဖြစ်လို့ ဆန္ဒတွေကို ထိန်းချုပ်ဖို့ မပြတ် ကြိုးစားနေရမယ်။ စိတ်ဆန္ဒရဲ့ အလိုနောက် လိုက်ရင် ယေဟောဝါရဲ့ မျက်နှာသာ ဆုံးရှုံးနိုင်တယ်။ ဥပမာ၊ လူတချို့ဟာ ဘုရားထက် အစားအသောက်၊ အဝတ်အစား၊ နေအိမ်တွေကို ပိုအလေးထားတယ်။ တချို့ကျတော့ ဘုရားရဲ့ စံနှုန်းတွေကို ထည့်မထွက်ဘဲ မိမိတို့ရဲ့ သွေးသားဆန္ဒနောက် လိုက်ကြတယ်။ (ရ ၁:၂၆၊ ၂၇) သက်တူရွယ်တူတွေရဲ့ နှစ်သက်လက်ခံမှုကို ရချင်လို့ တခြားသူတွေရဲ့ လွှမ်းမိုးမှုကို ခံလိုက်ကြသူတွေလည်း ရှိတယ်။—ထွ ၂၃:၂။
ကျွန်တော်တို့ရဲ့ ဆန္ဒတွေကို ဘယ်လို ထိန်းချုပ်နိုင်သလဲ။ ယေဟောဝါရဲ့ မျက်နှာသာ ရဖို့ အစွမ်းကုန် ကြိုးစားရမယ်။ (မ ၄:၄) ကိုယ့်အလိုဆန္ဒကို ထိန်းချုပ်ဖို့ ကူညီပေးပါလို့ ယေဟောဝါဆီ အသနားခံသင့်တယ်။ ဘာကြောင့်လဲ။ ယေဟောဝါက ကျွန်တော်တို့အတွက် အကောင်းဆုံးက ဘာလဲဆိုတာကို သိလို့၊ ကျွန်တော်တို့ရဲ့ သင့်လျော်တဲ့ အလိုဆန္ဒကို ဘယ်လို ဖြည့်ဆည်းပေးရမလဲဆိုတာ သိလို့ပါပဲ။—ဆ ၁၄၅:၁၆။
ဆေးလိပ်ကြောင့် အသက် အဆုံးရှုံး မခံပါနဲ့ ဗီဒီယိုကို ကြည့်ပါ။ ပြီးတဲ့နောက် အောက်ပါမေးခွန်းတွေကို ဖြေပါ–
-
လူတချို့ ဘာကြောင့် ဆေးလိပ်သောက်ကြသလဲ။
-
ဆေးလိပ်သောက်ရင် ဘာဖြစ်နိုင်သလဲ။
-
ဆေးလိပ်သောက်တာ၊ အီးစီးကရက်သောက်တာ ဘာကြောင့် မှားသလဲ။—၂က ၇:၁
-
ဆေးလိပ်သောက်ဖို့ ပေးရင် ဘယ်လို ငြင်းမလဲ။ ဆေးလိပ် ဘယ်လို ဖြတ်မလဲ။