မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ခရစ်ယာန်​အသက်တာ​လမ်းစဉ်

ယေဟောဝါ​နဲ့ ယေရှုကို ယုံကြည်​လာအောင် ပျော်စရာ​ဘဝ ထာဝရ စံစား​ကြ စာအုပ်ကို သုံးပါ

ယေဟောဝါ​နဲ့ ယေရှုကို ယုံကြည်​လာအောင် ပျော်စရာ​ဘဝ ထာဝရ စံစား​ကြ စာအုပ်ကို သုံးပါ

ကျမ်းစာ​သင်သားတွေ​ဟာ ဘုရား​ရဲ့ နှစ်သက်​လက်ခံမှု​ ရဖို့ ခိုင်ခံ့​တဲ့ ယုံကြည်ခြင်း​ ရှိရမယ်။ (ဟီ ၁၁:၆) ပျော်စရာဘဝ ထာဝရ စံစားကြ စာအုပ်ကို သုံးပြီး သူတို့ကို ကူညီပေးနိုင်တယ်။ စာအုပ်​မှာ အဓိက ကျမ်းချက်​တွေ၊ ရှင်းလင်း​တဲ့ ကျိုးကြောင်း​ဆင်ခြင်မှု​တွေ၊ ထိရောက်တဲ့ မေးခွန်းတွေ၊ လှုံ့ဆော်မှု​ ဖြစ်စေ​တဲ့ ဗီဒီယိုတွေ၊ ရုပ်ပုံတွေ ပါ​တယ်။ ခရစ်ယာန် အရည်အသွေးတွေ မွေးမြူဖို့၊ ဘုရား​နဲ့ ဆက်ဆံ​ရေး​ကောင်း​ ရှိဖို့ သင်သားတွေကို ကူညီ​ပေး​တာ​က မီး​ဒဏ်​ခံနိုင်​တဲ့ ပစ္စည်း​တွေ​နဲ့ တည်ဆောက်​ပေး​နေတာ ဖြစ်တယ်။—၁က ၃:၁၂-၁၅

လူ​တချို့က မမြင်​ရတဲ့ ဘုရားသခင်​နဲ့ မိတ်ဖွဲ့​ဖို့ အခက်တွေ့​နေ​နိုင်တယ်။ ဒါကြောင့် ယေဟောဝါ​ကို သိကျွမ်း​လာဖို့၊ ယုံကြည်​ကိုးစား​လာဖို့ ကူညီ​ပေး​ရမယ်။

ယေဟောဝါကို ယုံကြည်လာအောင်ပျော်စရာဘဝ ထာဝရ စံစားကြ” စာအုပ်ကို သုံးပါ  ဗီဒီယိုကို ကြည့်ပါ။ ပြီး​တဲ့​နောက် အောက်ပါ​မေးခွန်းတွေကို ဖြေပါ–

  • ညီအစ်မ​ဟာ သင်အံမှု​အတွက် အသေအချာ ပြင်ဆင်​ထား​မှန်း ဘယ်လို သိရသလဲ။

  • ဟေရှာယ ၄၁:၁၀၊ ၁၃ နဲ့​ပတ်သက်ပြီး သင်သားရဲ့ ရှုမြင်ချက်​ကို သိဖို့ အသေအချာ ပြင်ဆင်​ထား​တဲ့ ထပ်ဆင့်​မေးခွန်းတွေကို ဘယ်လို အသုံးပြု​သလဲ။

  • ဗီဒီယို​နဲ့ ကျမ်းပိုဒ်​တွေ​ကနေ သင်သား ဘယ်လို အကျိုး​ရခဲ့​သလဲ။

လူများစွာဟာ ရွေးဖိုး​အကြောင်း နားမလည်​ကြဘူး။ ရွေးဖိုး​ကို ဘုရား​ ပေး​တဲ့ ဆု​လက်ဆောင်​အဖြစ် မသိ​မြင်ကြဘူး။ (ဂ ၂:၂၀) ဒါ​ကြောင့် ယေရှုရဲ့ ရွေးဖိုး ပူဇော်သက္ကာ​ကို ယုံကြည်ဖို့ သူတို့ကို ကူညီ​ပေး​ရမယ်။

ယေရှုကို ယုံကြည်လာအောင်ပျော်စရာဘဝ ထာဝရ စံစားကြ” စာအုပ်ကို သုံးပါ  ဗီဒီယိုကို ကြည့်ပါ။ ပြီး​တဲ့​နောက် အောက်ပါ​မေးခွန်းတွေကို ဖြေပါ–

  • ညီအစ်ကို​ဟာ သင်အံမှု​အတွက် အသေအချာ ပြင်ဆင်​ထား​မှန်း ဘယ်လို သိရသလဲ။

  • သင်သားကို ကူညီ​ပေးဖို့ “လေ့လာစရာ ထပ်​ဖွေရှာ” မှာ ပါတဲ့ အကြောင်းအရာကို ဘယ်လို သုံးခဲ့​သလဲ။

  • ဆုတောင်း​တာ​က သင်သား​အတွက် ဘာကြောင့် အရေးကြီး​သလဲ။