မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ခရစ်ယာန်​အသက်တာ​လမ်းစဉ်

“မေတ္တာဟာ . . . မာန်မာန မရှိဘူး”

“မေတ္တာဟာ . . . မာန်မာန မရှိဘူး”

မေတ္တာက နှိမ့်ချမှု​ ရှိဖို့ ကူညီ​ပေးတယ်။ (၁က ၁၃:၄) ညီအစ်ကို/မ​တွေ​ကို ချစ်မယ်​ဆိုရင် သူတို့ထက်​ သာတယ်လို့ ကိုယ့်ကိုယ်ကိုယ် ရှုမြင်​မှာ မဟုတ်ဘူး။ တခြား​သူတွေရဲ့ ကောင်းကွက်​ကို မြင်တယ်။ ကိုယ့်​မှာ​ ရှိတဲ့ စွမ်းရည်​တွေ​ကို အသုံးချပြီး တခြား​သူတွေကို ကူညီ​တယ်။ (ဖိ ၂:၃၊ ၄) အဲဒီလို မေတ္တာ​မျိုး ရှိရင် ကျွန်တော်​တို့ကို ယေဟောဝါ အသုံးပြုပါ​လိမ့်မယ်။

မေတ္တာရဲ့ လုပ်ဆောင်ပုံကို သတိရပါ—မာန်မာန မရှိဘူး ဗီဒီယိုကို ကြည့်ပါ။ ပြီး​တဲ့​နောက် အောက်ပါ​မေးခွန်းတွေကို ဖြေပါ–

  • အဗရှလုံ​မှာ ဘာ​အားသာချက်တွေ ရှိသလဲ။

  • အဲဒီအားသာချက်တွေကို သူ ဘယ်လို တလွဲ သုံးခဲ့​သလဲ။

  • မာန်​မာန မရှိ​အောင် ကျွန်တော်​တို့ ဘယ်လို ရှောင်နိုင်​သလဲ။—ဂ ၅:၂၆