ခရစ်ယာန်အသက်တာလမ်းစဉ်
“မေတ္တာဟာ . . . မတရားမှုကြောင့် ဝမ်းမသာတတ်ဘူး”
ခရစ်ယာန်စစ်တွေဟာ မေတ္တာပေါ် အခြေခံပြီး ဆုံးဖြတ်ချက်တွေ ချတယ်။ မေတ္တာဟာ “မတရားမှုကြောင့် ဝမ်းမသာတတ်ဘူး။” (၁က ၁၃:၄၊ ၆) ဒါကြောင့် ကိုယ်ကျင့်တရား ယိုယွင်းမှု၊ အကြမ်းဖက်မှုကို အသားပေးတဲ့ ဖျော်ဖြေရေးတွေကို ရှောင်ကြတယ်။ ကျွန်တော်တို့ကို ထိခိုက်စေသူတွေ အပါအဝင် တခြားသူတွေ ဒုက္ခရောက်တဲ့အခါ ဝမ်းမသာကြဘူး။—ပ ၁၇:၅။
မေတ္တာရဲ့ လုပ်ဆောင်ပုံကို သတိရပါ—မတရားမှုကြောင့် ဝမ်းမသာတတ်ဘူး ဗီဒီယိုကို ကြည့်ပါ။ ပြီးတဲ့နောက် အောက်ပါမေးခွန်းတွေကို ဖြေပါ–
-
ရှောလုနဲ့ ယောနသန် သေဆုံးသွားတဲ့အကြောင်း ကြားတဲ့အခါ ဒါဝိဒ် ဘယ်လို တုံ့ပြန်ခဲ့သလဲ။
-
ရှောလုနဲ့ ယောနသန်အတွက် ဒါဝိဒ် ဘယ်ငိုချင်း စပ်ဆိုခဲ့သလဲ။
-
ရှောလု သေဆုံးတာကို ဒါဝိဒ် ဘာကြောင့် ဝမ်းမသာသလဲ။