ခရစ်ယာန်အသက်တာလမ်းစဉ်
“မေတ္တာဟာ . . . အရာရာကို မျှော်လင့်တတ်တယ်”
ကိုယ်ကျိုးစွန့်မေတ္တာကြောင့် ကျွန်တော်တို့ရဲ့ ညီအစ်ကို/မတွေအတွက် အကောင်းဆုံး မျှော်လင့်ကြတယ်။ (၁က ၁၃:၄၊ ၇) ညီအစ်ကိုတစ်ယောက် အပြစ်လုပ်လို့ ဆုံးမခံရတဲ့အခါ သူ ပြုပြင်ပြောင်းလဲမယ်လို့ မျှော်လင့်တယ်။ ယုံကြည်ခြင်း အားနည်းသူတွေကို စိတ်ရှည်ရှည် အကူအညီ ပေးတယ်။ (ရ ၁၅:၁) အသင်းတော်က ထွက်သွားရင်လည်း တစ်နေ့နေ့မှာ ပြန်လာမယ်လို့ မျှော်လင့်တယ်။—လု ၁၅:၁၇၊ ၁၈။
မေတ္တာရဲ့ လုပ်ဆောင်ပုံကို သတိရပါ—အရာရာကို မျှော်လင့်တတ်တယ် ဗီဒီယိုကို ကြည့်ပါ။ ပြီးတဲ့နောက် အောက်ပါမေးခွန်းတွေကို ဖြေပါ–
-
အာဗနာဟာ ဘာဖြစ်လို့ ဒါဝိဒ်ဆီ ဘက်ပြောင်းသွားသလဲ။
-
ဒါဝိဒ်နဲ့ ယွာဘဟာ အာဗနာရဲ့ တောင်းဆိုချက်ကို ဘယ်လို တုံ့ပြန်ခဲ့ကြသလဲ။
-
ညီအစ်ကိုတွေအတွက် ဘာကြောင့် အကောင်းဆုံး မျှော်လင့်သင့်သလဲ။