ခရစ်ယာန်အသက်တာလမ်းစဉ်
ပြည်တွင်း မငြိမ်သက်မှုအတွက် ပြင်ဆင်ပြီးပြီလား
ဒီစနစ်ရဲ့ အဆုံး နီးလာတာနဲ့အမျှ ပြည်တွင်း မငြိမ်မသက်မှု၊ အကြမ်းဖက်မှုတွေ၊ စစ်ပွဲတွေ တိုးများလာမယ်။ (ဗ ၆:၄) ရှေ့မှာ ကြုံတွေ့ရမယ့် အခက်အခဲတွေအတွက် ဘယ်လို ပြင်ဆင်ထားနိုင်သလဲ။
-
ဆက်သစ္စာရှိနေဖို့ ပြင်ဆင်ထားပါ– ယေဟောဝါနဲ့ ဘုရားအဖွဲ့အစည်းကို ယုံကြည်စိတ်ချစေတဲ့ ကျမ်းစာမူတွေ၊ ကျမ်းမှတ်တမ်းတွေနဲ့ ရင်းနှီးကျွမ်းဝင်မယ်ဆိုရင် ဆက်ပြီး ကြားနေဖို့ အကူအညီဖြစ်မယ်။ (ပ ၁၂:၅။ jr ၁၂၅-၁၂၆ ပိုဒ်. ၂၃-၂၄) အခုအချိန်က အသင်းတော်မှာ ရင်းနှီးမှုနှောင်ကြိုး ခိုင်မြဲအောင် တည်ဆောက်ရမယ့် အချိန် ဖြစ်တယ်။—၁ပ ၄:၇၊ ၈
-
ကာယပိုင်းအတွက် ပြင်ဆင်ထားပါ– အိမ်ထဲမှာ ပုန်းခိုနိုင်တဲ့နေရာနဲ့ သင့်တော်တဲ့ လိုအပ်မယ့် ပစ္စည်းတွေကို ဆောင်ထားပါ။ ထွက်ပြေးမယ့် အစီအစဉ်ကိုလည်း ကြိုတင် ပြင်ဆင်ထားပါ။ “အရေးပေါ်အိတ်” ထဲ ထည့်တဲ့ ပစ္စည်းတွေကို စစ်ဆေးပါ။ လိုအပ်တဲ့ အကာအကွယ် ပစ္စည်းတွေနဲ့ ပိုက်ဆံ ထည့်ဖို့လည်း မမေ့ပါနဲ့။ အကြီးအကဲတွေနဲ့ ဆက်သွယ်ရမယ့် အချက်အလက်၊ အကြီးအကဲတွေက ကိုယ့်ကို ဆက်သွယ်မယ့် အချက်အလက်တွေကို သိထားပါ။—ရှာ ၃၂:၂။ န၁၇.၅ ၃-၇
မငြိမ်မသက် ဖြစ်နေချိန်မှာ ဝတ်ပြုရေး လုပ်ရိုးလုပ်စဉ်တွေကို ဆက်လုပ်နေပါ။ (ဖိ ၁:၁၀) မလိုအပ်ဘဲ တစ်နေရာပြီး တစ်နေရာ မပြောင်းပါနဲ့။ (မ ၁၀:၁၆) အစားအစာနဲ့ အသုံးအဆောင် ပစ္စည်းတွေကို ဝေမျှပါ။—ရ ၁၂:၁၃
သဘာဝဘေးဒဏ်အတွက် ပြင်ဆင်ပြီးပြီလား ဗီဒီယိုကို ကြည့်ပါ။ ပြီးတဲ့နောက် အောက်ပါမေးခွန်းတွေကို ဖြေပါ–
-
သဘာဝဘေး ကျရောက်ချိန်မှာ ယေဟောဝါ ဘယ်လို ကူညီပေးနိုင်သလဲ။
-
ဘာတွေကို လက်တွေ့ကျကျ ပြင်ဆင်ထားနိုင်သလဲ။
-
သဘာဝဘေး ကြုံရသူတွေကို ဘယ်လို ကူညီပေးနိုင်သလဲ။