မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ခရစ်ယာန်​အသက်တာ​လမ်းစဉ်

အမှုဆောင်လုပ်ငန်းမှာ လတ်တလော အဖြစ်အပျက်တွေ ထည့်ပြောပါ

အမှုဆောင်လုပ်ငန်းမှာ လတ်တလော အဖြစ်အပျက်တွေ ထည့်ပြောပါ

ယေရှုဟာ အမှုဆောင်​လုပ်ငန်းမှာ လတ်တလော ဖြစ်ရပ်​တွေ သုံးပြီး သင်ပေးခဲ့တယ်။ (လု ၁၃:၁-၅) ညီအစ်ကို/မတို့​လည်း နိုင်ငံတော် သတင်းစကားကို လူတွေ စိတ်ဝင်စား​လာအောင် လတ်တလော ဖြစ်ရပ်​တွေ သုံးနိုင်​ပါ​တယ်။ ကုန်​ဈေးနှုန်း ကြီး​မြင့်​တာ၊ သဘာဝဘေး ကျရောက်​တာ၊ နိုင်ငံရေး မတည်ငြိမ်​တာ၊ မူးယစ်​ဆေး စွဲ​တာ၊ အလားတူ အကြောင်း​တစ်ခုခု ပြော​ပြီး​နောက် စိတ်ဝင်စားမှု နှိုးဆွတဲ့ မေးခွန်း​တစ်ခု မေးပါ။ “. . . အဆုံးတိုင်​သွားမယ်လို့ ထင်​သလား။” “. . . ကို ဖြေရှင်း​နိုင်​မယ် ထင်​သလား။” ပြီး​တဲ့​နောက် အကြောင်းအရာနဲ့ ပတ်သက်​တဲ့ ကျမ်းချက်​တစ်ခု ဖတ်ပြ​ပါ။ အိမ်ရှင် စိတ်ဝင်စား​တယ်​ဆိုရင် သွန်သင်ခြင်း ကိရိယာ​ထဲ​က ဗီဒီယို​တစ်ခု ဒါမှ​မဟုတ် စာပေ​တစ်ခု ပြ​ပါ။ ကိုယ့်​ရပ်ကွက်မှာ ရှိတဲ့​ လူတွေရဲ့ စိတ်နှလုံး ထိမိဖို့ “သတင်းကောင်း​အတွက် လုပ်နိုင်တာ​ မှန်သမျှ” ကြိုးစား​လုပ်ကြပါ​စို့။—၁က ၉:၂၂၊ ၂၃

သင့်​ရပ်ကွက်​ကလူ​တွေ ဘာ​အကြောင်း​တွေ စိတ်ဝင်စား​သလဲ။