မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ခရစ်ယာန်အသက်တာလမ်းစဉ်

အယူဖောက်ပြန်သူတွေရဲ့ ရန်ကနေ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ပါ

အယူဖောက်ပြန်သူတွေရဲ့ ရန်ကနေ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ပါ

စာတန်နဲ့ သူ့လက်အောက်ကလူတွေဟာ ကျွန်တော်တို့ယုံကြည်ခြင်းအားနည်းသွားအောင် မမှန်တစ်ဝက်၊ မှန်တစ်ဝက် စကားတွေ သုံးကြတယ်။ (၂က ၁၁:၃) ဥပမာ၊ အဆီးရီးယားတွေဟာ ယေဟောဝါရဲ့လူမျိုး စိတ်ဓာတ်ကျသွားအောင် မမှန်တစ်ဝက်၊ မှန်တစ်ဝက် စကားတွေနဲ့ လုံးဝလိမ်ညာတဲ့စကားတွေ သုံးကြတယ်။ (၂ရ ၃၂:၁၀-၁၅) ဒီနေ့အချိန်မှာလည်း အယူဖောက်ပြန်သူတွေဟာ အလားတူနည်းလမ်းတွေ အသုံးပြုကြတယ်။ အယူဖောက်ပြန်သူတွေရဲ့ သွန်သင်ချက်တွေကို ဘယ်လိုတုံ့ပြန်သင့်သလဲ။ သူတို့ရဲ့စာတွေကို ဘယ်တော့မှ မဖတ်ပါနဲ့၊ မတုံ့ပြန်ပါနဲ့၊ တခြားသူတွေကို လျှောက်မဖြန့်ပါနဲ့၊ အဆိပ်လို သဘောထားပါ။ ယေဟောဝါဘုရားနဲ့ ဘုရားရဲ့အဖွဲ့အစည်းကို သံသယဝင်အောင် ဖန်တီးထားတဲ့ အချက်အလက်တွေကို သတိပြုမိတာနဲ့ ချက်ချင်း ငြင်းပယ်ပါ။—ယု ၃၊ ၄

‘ယုံကြည်ခြင်းအတွက် ကြိုးစားတိုက်လှန်ပါ’—ကောက်နုတ်ချက် ဗီဒီယိုကြည့်ပြီးနောက် အောက်ပါမေးခွန်းတွေကို ဖြေပါ–

  • အင်တာနက်စကားဝိုင်းတွေ သုံးရင် ဘာကြောင့် သတိထားသင့်သလဲ။

  • ရောမ ၁၆:၁၇ မှာပါတဲ့ အကြံဉာဏ်ကို ဘယ်လိုလိုက်လျှောက်နိုင်သလဲ။