မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ခရစ်ယာန်အသက်တာလမ်းစဉ်

သင့်ကိုယ်သင် ယေဟောဝါဘုရား ရှုမြင်သလို ရှုမြင်ပါ

သင့်ကိုယ်သင် ယေဟောဝါဘုရား ရှုမြင်သလို ရှုမြင်ပါ

“ယေဟောဝါက မိမိရဲ့လူတွေကို နှစ်သက်တယ်။” (ဆ ၁၄၉:၄) ကျွန်တော်တို့ မစုံလင်ပေမဲ့ ကျွန်တော်တို့ရဲ့ အရည်အသွေးကောင်းတွေ၊ အလားအလာကောင်းတွေကို ယေဟောဝါ ကြည့်တယ်။ ဒါပေမဲ့ တစ်ခါတလေ ကိုယ်တိုင်ရဲ့ အရည်အသွေးကောင်းတွေကို သတိပြုမိဖို့ ခက်နိုင်တယ်။ တခြားသူတွေ ကိုယ့်ကို ဆက်ဆံပုံကြောင့် သိမ်ငယ်စိတ်ဝင်နိုင်တယ်။ ဒါမှမဟုတ် အရင်က လုပ်ခဲ့တဲ့အမှားတွေကြောင့် ဘုရား ကျွန်တော်တို့ကို တကယ်ချစ်ရဲ့လားလို့ သံသယဝင်နိုင်တယ်။ အဲဒီလိုခံစားချက်တွေ ရှိနေရင် ဘာက ကျွန်တော်တို့ကို ကူညီပေးနိုင်သလဲ။

လူတွေ မမြင်နိုင်တာကို ဘုရားမြင်တယ်ဆိုတာ သတိရပါ။ (၁ရှ ၁၆:၇) ဒါကြောင့် ကျွန်တော်တို့ ကိုယ့်ကိုယ်ကိုယ် မြင်နိုင်တာထက်တောင် ဘုရား ပိုမြင်နိုင်တယ်။ ဘုရား ကျွန်တော်တို့ကို ဘယ်လိုမြင်သလဲဆိုတာ သိနိုင်ဖို့ ကျမ်းစာက ကူညီပေးတယ်။ ကျမ်းချက်တွေ၊ ကျမ်းမှတ်တမ်းတွေကို ဖတ်တဲ့အခါ ယေဟောဝါက မိမိကို ဝတ်ပြုသူတွေကို ဘယ်လောက်ချစ်တယ်ဆိုတာ သိရတယ်။

ယေဟောဝါရဲ့မေတ္တာတော် ခံစားရသူတွေအနေနဲ့ စိတ်ချလက်ချ ဖြစ်နေပါ ဗီဒီယို ကြည့်ပြီးနောက် အောက်ပါမေးခွန်းတွေကို ဖြေဆိုပါ–

  • အဖေနဲ့ အပြေးပြိုင်တဲ့သား ပုံဥပမာကနေ ကျွန်တော်တို့ကို ယေဟောဝါရှုမြင်ပုံအကြောင်း ဘာသိရသလဲ။

  • ကြီးလေးတဲ့အပြစ် ကျူးလွန်ခဲ့သူတစ်ယောက်ဟာ ယေဟောဝါဘုရားနဲ့ ဆက်ဆံရေးပြန်ကောင်းလာဖို့ လိုအပ်တာတွေ လုပ်ပြီးပြီဆိုရင် ဘယ်လိုနည်းနဲ့ ဘုရားရှေ့ စိတ်ချလက်ချရှိနေနိုင်သလဲ။—၁ယ ၃:၁၉၊ ၂၀

  • ဒါဝိဒ်နဲ့ ယောရှဖတ်ရဲ့မှတ်တမ်းကို ဖတ်ရှု၊ တွေးတောဆင်ခြင်ခြင်းကနေ ညီအစ်ကို ဘယ်လိုအကျိုးရခဲ့သလဲ။