မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ခရစ်ယာန်အသက်တာလမ်းစဉ်

“ယေဟောဝါဘုရားဟာ ‘ဖတဆိုးလေးတွေရဲ့ ဖခင်’ ဖြစ်”

“ယေဟောဝါဘုရားဟာ ‘ဖတဆိုးလေးတွေရဲ့ ဖခင်’ ဖြစ်”

နှစ်စဉ်နှစ်တိုင်း ယေဟောဝါရဲ့မိတ်ဆွေဖြစ်ဖို့ ရွေးချယ်ဆုံးဖြတ်တဲ့ လူငယ်များစွာ ရှိတယ်။ (ဆ ၁၁၀:၃) ယေဟောဝါဘုရားက သင်တို့ တစ်ဦးစီကို တကယ် ဂရုစိုက်တယ်။ သင်ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို နားလည်ပြီး မိမိကို ဝတ်ပြုနိုင်ဖို့ ကူညီပေးမယ်လို့ ကတိပြုထားတယ်။ ကြင်ဖော်မဲ့မိသားစုမှာ ကြီးပြင်းလာရတယ်ဆိုရင် ယေဟောဝါဟာ “ဖတဆိုးလေးတွေရဲ့ ဖခင်” ဖြစ်တယ်ဆိုတာ သတိရပါ။ (ဆ ၆၈:၅) အိမ်မှာ ဘယ်လိုအခြေအနေရှိပါစေ ယေဟောဝါရဲ့အကူအညီနဲ့ သင်အောင်မြင်နိုင်ပါတယ်။—၁ပ ၅:၁၀

ယုံကြည်ခြင်း တိုက်ပွဲမှာ အောင်မြင်သူများ—ကြင်ဖော်မဲ့ မိဘလက်မှာ ကြီးပြင်းလာရသူများ ဗီဒီယို ကြည့်ပြီးနောက် အောက်ပါမေးခွန်းတွေကို ဖြေပါ–

  • တယ်မီ၊ ချားလ်၊ ဂျင်မီရဲ့ပုံသက်သေကနေ သင် ဘာသင်ခန်းစာရသလဲ။

  • ကြင်ဖော်မဲ့မိဘလက်အောက်မှာ ကြီးပြင်းလာသူတွေအတွက် ဆာလံ ၂၇:၁၀ က ဘာကတိပြုထားသလဲ။