မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ခရစ်ယာန်အသက်တာလမ်းစဉ်

စီးပွားရေးအကျပ်အတည်းအတွက် ပြင်ဆင်ပြီးပြီလား

စီးပွားရေးအကျပ်အတည်းအတွက် ပြင်ဆင်ပြီးပြီလား

ကမ္ဘာ့အခြေအနေတွေကြောင့် ကမ္ဘာတစ်ဝန်း စီးပွားရေးမတည်ငြိမ်မှုတွေဖြစ်တဲ့အခါ ကျွန်တော်တို့ မအံ့ဩပါဘူး။ ဘာကြောင့်လဲ။ နောက်ဆုံးကာလရဲ့ အဆုံးပိုင်းမှာ အသက်ရှင်နေကြပြီး ကျမ်းစာကလည်း “မတည်မြဲတဲ့ စည်းစိမ်” ကို အားမကိုးဖို့ သတိပေးထားလို့ပါ။ (၁တိ ၆:၁၇၂တိ ၃:၁) စီးပွားရေးအကျပ်အတည်းအတွက် ကြိုတင်ပြင်ဆင်ရာမှာ ဘုရင်ယောရှဖတ်ရဲ့ပုံနမူနာကနေ ဘာသင်ယူနိုင်သလဲ။

ရန်သူတွေရဲ့ ခြိမ်းခြောက်မှု ခံရတဲ့အခါ ယေဟောဝါကို ယောရှဖတ် ကိုးစားခဲ့တယ်။ (၂ရ ၂၀:၉-၁၂) ဒါ့အပြင် တိုင်းပြည်ကို ကာကွယ်ဖို့ ကြိုတင်ပြင်ဆင်မှုတွေလည်း လုပ်ခဲ့တယ်။ မြို့တွေကို ခိုင်ခံ့အောင်လုပ်ပြီး မြို့စောင့်တပ်တွေချတယ်။ (၂ရ ၁၇:၁၊ ၂၊ ၁၂၊ ၁၃) ကျွန်တော်တို့လည်း ယောရှဖတ်လို ခက်ခဲကျပ်တည်းချိန်တွေကို ရင်ဆိုင်နိုင်ဖို့ ယေဟောဝါကို ယုံကြည်အားကိုးပြီး ကြိုတင်ပြင်ဆင်မှုတွေ လုပ်ထားရမယ်။

သဘာဝဘေးဒဏ်အတွက် ပြင်ဆင်ပြီးပြီလား ဗီဒီယို ကြည့်ပြီး အောက်ပါမေးခွန်းတွေကို ဖြေပါ–

  • သဘာဝဘေးအတွက် ကြိုတင်ပြင်ဆင်ဖို့ ဘာတွေလုပ်နိုင်သလဲ။

  • တခြားသူတွေကို ကူညီဖို့ ဘယ်လို ပြင်ဆင်နိုင်သလဲ။