ဇွန် ၁၇-၂၃
ဆာလံ ၅၁-၅၃
သီချင်း ၈၉ နဲ့ ဆုတောင်းချက် | နိဒါန်း (၁ မိ.)
၁။ ကြီးလေးတဲ့အပြစ်ကို ရှောင်နိုင်ပုံ
(၁၀ မိ.)
အမှားလုပ်ချင်စိတ်ရှိကြတဲ့အတွက် ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ်ချလွန်းခြင်းကို ရှောင်ပါ (ဆ ၅၁:၅။ ၂က ၁၁:၃)
ဘုရားရေးရာ လုပ်ရိုးလုပ်စဉ်တွေ ပုံမှန်လုပ်ပါ (ဆ ၅၁:၆။ က၁၉.၀၁ ၁၅ ပိုဒ်. ၄-၅)
အကျင့်ပျက်အတွေး၊ ဆန္ဒတွေကို တိုက်ထုတ်ပါ (ဆ ၅၁:၁၀-၁၂။ က၁၅ ၆/၁၅ ၁၅ ပိုဒ်. ၅-၆)
၂။ ဘုရားရေးရာ ရတနာ
(၁၀ မိ.)
-
ဆ ၅၂:၂-၄—ဒီကျမ်းချက်တွေကနေ ဒေါဂအကြောင်း ဘာသိရသလဲ။ (it-1 ၆၄၄)
-
ဒီအပတ် ကျမ်းစာဖတ်တာကနေ ဘယ်ဘုရားရေးရာ ရတနာတွေကို ဝေမျှချင်သလဲ။
၃။ ကျမ်းစာဖတ်ရှုခြင်း
(၄ မိ.) ဆ ၅၁:၁-၁၉ (th သင်ခန်းစာ ၁၂)
၄။ စကားစမြည် စပြောခြင်း
(၂ မိ.) လူအများရှေ့ သက်သေခံခြင်း။ (lmd သင်ခန်းစာ ၇ အချက် ၃)
၅။ စကားစမြည် စပြောခြင်း
(၂ မိ.) တစ်အိမ်မှတစ်အိမ်။ (lmd သင်ခန်းစာ ၄ အချက် ၄)
၆။ ပြန်လည်ပတ်ခြင်း
(၃ မိ.) အလွတ်သဘော သက်သေခံခြင်း။ ဘုရားနာမည်အကြောင်း ပြောပြပါ။ (lmd သင်ခန်းစာ ၉ အချက် ၅)
၇။ တပည့် ဖြစ်စေခြင်း
သီချင်း ၁၁၅
၈။ အမှားပြင်နိုင်ပုံ
(၁၅ မိ.) ဆွေးနွေးပါ။
အမှားမလုပ်မိအောင် ကျွန်တော်တို့ ဘယ်လောက်ပဲ ကြိုးစားကြိုးစား မှားတတ်ကြတာပဲ။ (၁ယ ၁:၈) အမှားလုပ်မိရင် ယေဟောဝါဆီက ခွင့်လွှတ်မှုနဲ့ အကူအညီ တောင်းခံပါ။ ရှက်လို့၊ ဒုက္ခမရောက်ချင်လို့ ရှောင်ပုန်းတာမျိုး ဘယ်တော့မှ မလုပ်ပါနဲ့။ (၁ယ ၁:၉) ယေဟောဝါဆီ ဆုတောင်းခြင်းဟာ အမှားပြင်ဆင်တဲ့ ပထမခြေလှမ်းပဲ။
ဆာလံ ၅၁:၁၊ ၂၊ ၁၇ ကိုဖတ်ပါ။ ပြီးနောက် ပရိသတ်ကို မေးပါ–
-
ကြီးလေးတဲ့အမှားလုပ်မိရင် ယေဟောဝါဆီ အကူအညီတောင်းခံနိုင်အောင် ဒါဝိဒ်ရဲ့စကားတွေက ဘယ်လိုကူညီပေးသလဲ။
ဆယ်ကျော်သက် ဘဝ—အမှားတွေ လုပ်မိတဲ့အခါ ဘယ်လို ပြုပြင်မလဲ ဗီဒီယို ပြပါ။ ပြီးနောက် ပရိသတ်ကို မေးပါ–
-
သာလီလာနဲ့ ဟိုစေး ဘာလို့ အမှားလုပ်မိသလဲ။
-
အမှားပြင်ဆင်ဖို့ သူတို့ ဘာတွေ လုပ်ခဲ့သလဲ။
-
အဲဒီလိုလုပ်ခဲ့လို့ ဘာအကျိုးကျေးဇူးရသလဲ။