မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မေ ၂၀-၂၆

ဆာလံ ၄၀-၄၁

မေ ၂၀-၂၆

သီချင်း ၁၀၂ နဲ့ ဆုတောင်းချက် | နိဒါန်း (၁ မိ.)

ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ

၁။ တခြားသူတွေကို ကူညီသင့်တဲ့ အကြောင်းရင်း

(၁၀ မိ.)

တခြားသူတွေကို ကူညီပေးရင် ကိုယ်တိုင် ပျော်ရွှင်ရ (ဆ ၄၁:၁က၁၈.၀၈ ၂၂ ပိုဒ်. ၁၆-၁၈)

တခြားသူတွေကို ကူညီတဲ့သူကို ယေဟောဝါလည်း ကူညီ (ဆ ၄၁:၂-၄က၁၅ ၁၂/၁၅ ၂၄ ပိုဒ်. ၇)

တခြားသူတွေကို ကူညီတာက ယေဟောဝါကို ဂုဏ်တင်ချီးမွမ်းရာရောက် (ဆ ၄၁:၁၃။ ပ ၁၄:၃၁က၁၇.၀၉ ၁၂ ပိုဒ်. ၁၇)

ကိုယ့်ကိုယ်ကိုယ် မေးပါ။ ‘အသင်းတော်ထဲက တစ်ယောက်ယောက် JW Library အက်ပ် ကောင်းကောင်း သုံးတတ်ဖို့ အကူအညီလိုနေသလား။’

၂။ ဘုရားရေးရာ ရတနာ

(၁၀ မိ.)

  • ဆ ၄၀:၅-၁၀—ယေဟောဝါကို အချုပ်အခြာအာဏာ ပိုင်သအုပ်စိုးရှင်အဖြစ် အသိအမှတ်ပြုတာနဲ့ပတ်သက်ပြီး ဒါဝိဒ်ရဲ့ ဆုတောင်းချက်ကနေ ဘာသင်ယူနိုင်သလဲ။ (it-2 ၁၆)

  • ဒီအပတ် ကျမ်းစာဖတ်တာကနေ ဘယ်ဘုရားရေးရာ ရတနာတွေကို ဝေမျှချင်သလဲ။

၃။ ကျမ်းစာဖတ်ရှုခြင်း

အမှုဆောင်လုပ်ငန်းမှာ ကျင့်သုံးပါ

၄။ စကားစမြည် စပြောခြင်း

(၃ မိ.) အလွတ်သဘော သက်သေခံခြင်း။ ပြုံးပျော်နေသူတစ်ယောက်ကို စကားစမြည် ပြောပါ။ (lmd သင်ခန်းစာ ၂ အချက် ၃)

၅။ စကားစမြည် စပြောခြင်း

(၄ မိ.) အလွတ်သဘော သက်သေခံခြင်း။ ဝမ်းနည်းနေသူတစ်ယောက်ကို စကားစမြည် ပြောပါ။ (lmd သင်ခန်းစာ ၃ အချက် ၅)

၆။ တပည့် ဖြစ်စေခြင်း

(၅ မိ.) lff သင်ခန်းစာ ၁၄ အချက် ၆။ “လေ့လာစရာ ထပ်ဖွေရှာ” အပိုင်းရဲ့ “အသင်းတော်မှာ ယေဟောဝါကို ချီးမွမ်းပါ” ဆောင်းပါးထဲက အချက်တစ်ချက်ကို အစည်းအဝေးမှာပါဝင်ဖို့ တွန့်ဆုတ်နေတဲ့ သင်သားနဲ့ ဆွေးနွေးပါ။ (th သင်ခန်းစာ ၁၉)

ခရစ်ယာန်အသက်တာလမ်းစဉ်

သီချင်း ၁၃၈

၇။ အသက်ကြီးသူတွေကို ကောင်းမှုပြုကြစို့

(၁၅ မိ.) ဆွေးနွေးပါ။

အသင်းတော်မှာရှိတဲ့ သစ္စာရှိအသက်ကြီးသူတွေ လုပ်ဆောင်ခဲ့သမျှကို ယေဟောဝါ တန်ဖိုးထားသလို ကျွန်တော်တို့လည်း တန်ဖိုးထားတယ်။ (ဟီ ၆:၁၀) နှစ်တွေတစ်လျှောက် အသက်ကြီးသူတွေက ယုံကြည်သူချင်းတွေကို သွန်သင်၊ လေ့ကျင့်၊ အားပေးခဲ့ကြတယ်။ သင်ကိုယ်တိုင်လည်း သူတို့ဆီက အကူအညီ ရခဲ့တာကို မှတ်မိနေမှာ။ အသင်းတော်မှာ သူတို့ လုပ်ပေးခဲ့တာတွေ၊ လုပ်ပေးနေတာတွေအတွက် ကျေးဇူးတင်ကြောင်း ဘယ်လိုပြနိုင်သလဲ။

‘ညီအစ်ကိုတွေကို ကောင်းမှု ပြုကြပါ’ ဗီဒီယို ပြပါ။ ပြီးနောက် ပရိသတ်ကို မေးပါ–

  • ညီအစ်ကို ဟိုဂျင်းဆီကနေ ဂျီဟွန်း ဘာသင်ယူခဲ့သလဲ။

  • အသင်းတော်ထဲက အသက်ကြီးသူတွေကို သင် ဘာကြောင့် တန်ဖိုးထားသလဲ။

  • ရှမာရိလူ ပုံဥပမာကနေ ဘာသင်ယူနိုင်သလဲ။

  • ညီအစ်ကို ဟိုဂျင်းကို ဝိုင်းဝန်းကူညီပေးဖို့ တခြားသူတွေကို ဂျီဟွန်း ခေါ်သွားတာ ဘာကြောင့်ကောင်းသလဲ။

အသင်းတော်ထဲက အသက်ကြီးသူတွေရဲ့ လိုအပ်ရာကို သေသေချာချာ စဉ်းစားကြည့်ရင် ကူညီပေးနိုင်တဲ့ နည်းလမ်းများစွာ တွေ့လာပါလိမ့်မယ်။ သူတို့ တစ်ခုခု လိုအပ်နေရင် ဘယ်လိုကူညီပေးနိုင်သလဲဆိုတာ စဉ်းစားပါ။—ယာ ၂:၁၅၊ ၁၆

ဂလာတိ ၆:၁၀ ကိုဖတ်ပါ ပြီးနောက် ပရိသတ်ကို မေးပါ–

  • အသင်းတော်ထဲက အသက်ကြီးသူတွေကို ဘယ်လိုနည်းနဲ့ “ကောင်းမှုပြု” နိုင်သလဲ။

၈။ အသင်းတော် ကျမ်းစာလေ့လာမှု

နိဂုံးချုပ်မှတ်ချက် (၃ မိ.) | သီချင်း ၈ နဲ့ ဆုတောင်းချက်