မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မေ ၂၇–ဇွန် ၂

ဆာလံ ၄၂-၄၄

မေ ၂၇–ဇွန် ၂

သီချင်း ၈၆ နဲ့ ဆုတောင်းချက် | နိဒါန်း (၁ မိ.)

ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ

၁။ ယေဟောဝါ သွန်သင်ပေးတဲ့ ပညာရေးကနေ အကျိုးအပြည့်အဝ ရယူပါ

(၁၀ မိ.)

တခြားသူတွေနဲ့အတူ ယေဟောဝါကို ဝတ်ပြုပါ။ ဖြစ်နိုင်ရင် လူကိုယ်တိုင် သွားရောက်ဝတ်ပြုပါ (ဆ ၄၂:၄၊ ၅က၀၆ ၆/၁ ၉ ပိုဒ်. ၄)

ကျမ်းစာမလေ့လာခင် ဆုတောင်းပါ (ဆ ၄၂:၈က၁၂ ၁/၁၅ ၁၅ ပိုဒ်. ၂)

လုပ်ဆောင်သမျှမှာ ကျမ်းစာလမ်းညွှန်ချက် ခံယူပါ (ဆ ၄၃:၃)

ယေဟောဝါ သွန်သင်ပေးတဲ့ ပညာရေးက ကျွန်တော်တို့ကို အခက်အခဲတွေ ခံရပ်နိုင်အောင်၊ ဆက်ကပ်အပ်နှံမှုကတိ တည်နိုင်အောင် ကူညီပေးပါလိမ့်မယ်။—၁ပ ၅:၁၀က၁၆.၀၉ ၅ ပိုဒ်. ၁၁-၁၂။

၂။ ဘုရားရေးရာ ရတနာ

(၁၀ မိ.)

  • ဆ ၄၄:၁၉—“ခွေးအတွေ ကျက်စားတဲ့အရပ်” ဆိုတဲ့အသုံးအနှုန်းက ဘာကိုဆိုလိုတာ ဖြစ်နိုင်သလဲ။ (it-1 ၁၂၄၂)

  • ဒီအပတ် ကျမ်းစာဖတ်တာကနေ ဘယ်ဘုရားရေးရာ ရတနာတွေကို ဝေမျှချင်သလဲ။

၃။ ကျမ်းစာဖတ်ရှုခြင်း

အမှုဆောင်လုပ်ငန်းမှာ ကျင့်သုံးပါ

၄။ စကားစမြည် စပြောခြင်း

(၄ မိ.) တစ်အိမ်မှတစ်အိမ်။ ကျမ်းစာသင်အံမှု ကမ်းလှမ်းပါ။ (lmd သင်ခန်းစာ ၅ အချက် ၅)

၅။ ပြန်လည်ပတ်ခြင်း

(၅ မိ.) တစ်အိမ်မှတစ်အိမ်။ အိမ်ရှင်ကို လူထုဟောပြောချက် ဖိတ်ပါ။ နိုင်ငံတော်ခန်းမမှာ ဘာတွေ လုပ်ဆောင်ကြသလဲ ဗီဒီယိုကို အသုံးပြုပါ။ (lmd သင်ခန်းစာ ၇ အချက် ၅)

၆။ ဟောပြောချက်

(၃ မိ.) lmd နောက်ဆက်တွဲ က အချက် ၄—အဓိကအကြောင်း– လူတိုင်း ဒေါင်ဒေါင်မြည် ကျန်းမာမယ်။ (th သင်ခန်းစာ ၂)

ခရစ်ယာန်အသက်တာလမ်းစဉ်

သီချင်း ၂၁

၇။ အလုပ်အကိုင်၊ ပညာရေးနဲ့ပတ်သက်ပြီး ပညာရှိရှိ ဆုံးဖြတ်ပါ

(၁၅ မိ.) ဆွေးနွေးပါ။

လူငယ်တို့၊ အထက်တန်းကျောင်းပြီးရင် ဘာလုပ်မယ် စိတ်ကူးထားသလဲ။ ရှေ့ဆောင်လုပ်လို့ရမယ့် အလုပ်တစ်ခုခု လုပ်ဖို့ စဉ်းစားနေတာ ဖြစ်နိုင်တယ်။ ဒါမှမဟုတ် အလုပ်ရှာရလွယ်အောင် လိုင်စင်၊ ကျွမ်းကျင်လက်မှတ်တစ်ခုခု ယူထားဖို့၊ အတတ်ပညာတစ်ခုခု သင်ထားဖို့ စဉ်းစားနေတာ ဖြစ်နိုင်တယ်။ ဒီအချိန်က သင့်ဘဝရဲ့ စိတ်လှုပ်ရှားစရာ အချိန်ပဲ။ ဒါပေမဲ့ ရွေးစရာတွေ များလွန်းလို့ ဒါမှမဟုတ် တခြားသူတွေအကြိုက် လိုက်ဖို့ ဖိအားပေးခံရလို့ စိတ်ရှုပ်ရချိန်လည်း ဖြစ်နိုင်တယ်။ ပညာရှိဆုံးဖြတ်ချက် ချနိုင်အောင် သင့်ကို ဘာက ကူညီပေးနိုင်သလဲ။

မဿဲ ၆:၃၂၊ ၃၃ ကိုဖတ်ပါ ပြီးနောက် ပရိသတ်ကို မေးပါ–

  • အလုပ်အကိုင်၊ ပညာရေးနဲ့ပတ်သက်တဲ့ အရေးကြီးဆုံးဖြတ်ချက်တွေ မချခင် ကိုယ်တက်လှမ်းချင်တဲ့ ဘုရားရေးရာပန်းတိုင်တွေကို ကောင်းကောင်းသိထားတာ ဘာကြောင့် အကျိုးရှိသလဲ။

  • မဿဲ ၆:၃၂၊ ၃၃ ကို သားသမီးတွေ လက်တွေ့ကျင့်သုံးနိုင်အောင် မိဘတွေ ဘယ်လိုကူညီပေးနိုင်သလဲ။—ဆ ၇၈:၄-၇

ချမ်းသာဖို့၊ ကျော်ကြားဖို့ ရည်စူးပြီး ဆုံးဖြတ်မချမိဖို့ သတိပြုပါ။ (၁ယ ၂:၁၅၊ ၁၇) ချမ်းသာကြွယ်ဝမှုက လူတစ်ယောက်ကို နိုင်ငံတော်သတင်း လက်ခံဖို့ အခက်တွေ့စေတယ်ဆိုတာ သတိရပါ။ (လု ၁၈:၂၄-၂၇) စည်းစိမ်ဥစ္စာနောက် တကောက်ကောက်လိုက်ရင် ယုံကြည်ခြင်းခိုင်မာအောင်၊ ယေဟောဝါစိတ်တော်နဲ့တွေ့အောင် လုပ်ဖို့ ခက်သွားမယ်။—မ ၆:၂၄။ မာ ၈:၃၆

မတည်မြဲတဲ့အရာတွေကို ကိုးစားခြင်းကို သတိပြုပါ—စည်းစိမ်ချမ်းသာ ဗီဒီယို ပြပါ။ ပြီးနောက် ပရိသတ်ကို မေးပါ–

၈။ အသင်းတော် ကျမ်းစာလေ့လာမှု

နိဂုံးချုပ်မှတ်ချက် (၃ မိ.) | သီချင်း ၄၇ နဲ့ ဆုတောင်းချက်