မေ ၆-၁၂
ဆာလံ ၃၆-၃၇
သီချင်း ၈၇ နဲ့ ဆုတောင်းချက် | နိဒါန်း (၁ မိ.)
၁။ “လူယုတ်မာတွေကြောင့် စိတ်မပျက်နဲ့”
(၁၀ မိ.)
လူဆိုးတွေကြောင့် ကျွန်တော်တို့ စိတ်ဆင်းရဲရ (ဆ ၃၆:၁-၄။ က၁၇.၀၄ ၁၀ ပိုဒ်. ၄)
“လူယုတ်မာတွေ” ကို စိတ်တိုနေမယ်ဆိုရင် ကိုယ်ပဲ ထိခိုက် (ဆ ၃၇:၁၊ ၇၊ ၈။ က၂၂.၀၆ ၁၀ ပိုဒ်. ၁၀)
ယေဟောဝါရဲ့ ကတိတွေကို ယုံကြည်စိတ်ချတဲ့အခါ စိတ်ငြိမ်သက်မှုရ (ဆ ၃၇:၁၀၊ ၁၁။ က၀၃ ၁၂/၁ ၁၃ ပိုဒ်. ၂၀)
ကိုယ့်ကိုယ်ကိုယ် မေးပါ။ ‘သတင်းဆိုးတွေကို အာရုံစိုက်လွန်းနေသလား။’
၂။ ဘုရားရေးရာ ရတနာ
(၁၀ မိ.)
-
ဆ ၃၆:၆—ယေဟောဝါရဲ့ ဖြောင့်မတ်ခြင်းကို “ခံ့ညားတဲ့ တောင်တန်းကြီး” နဲ့ ခိုင်းနှိုင်းတာ ဘာကြောင့်ဖြစ်နိုင်သလဲ။ (it-2 ၄၄၅)
-
ဒီအပတ် ကျမ်းစာဖတ်တာကနေ ဘယ်ဘုရားရေးရာ ရတနာတွေကို ဝေမျှချင်သလဲ။
၃။ ကျမ်းစာဖတ်ရှုခြင်း
(၄ မိ.) ဆ ၃၇:၁-၂၆ (th သင်ခန်းစာ ၁၀)
၄။ စကားစမြည် စပြောခြင်း
(၃ မိ.) တစ်အိမ်မှတစ်အိမ်။ (lmd သင်ခန်းစာ ၁ အချက် ၅)
၅။ ပြန်လည်ပတ်ခြင်း
(၄ မိ.) အလွတ်သဘော သက်သေခံခြင်း။ အရင်တုန်းက ကျမ်းစာသင်အံမှု လက်မခံခဲ့သူကို ပြန်ကမ်းလှမ်းကြည့်ပါ။ (lmd သင်ခန်းစာ ၉ အချက် ၄)
၆။ ဟောပြောချက်
(၅ မိ.) ijwbv ၄၅—အဓိကအကြောင်း– ဆာလံ ၃၇:၄ ရဲ့ အဓိပ္ပာယ် (th သင်ခန်းစာ ၁၃)
သီချင်း ၃၃
၇။ “ဒုက္ခရောက်ချိန်” အတွက် ပြင်ဆင်ထားသလား
(၁၅ မိ.) ဆွေးနွေးပါ။
သဘာဝဘေး၊ လူလုပ်ဘေးတွေကြောင့် ကမ္ဘာတစ်ဝန်းက ညီအစ်ကို/မတွေရဲ့ အသက်အိုးအိမ်စည်းစိမ် ထိခိုက်နေတယ်။ (ဆ ၉:၉၊ ၁၀) ကျွန်တော်တို့လည်း အဲဒီလို “ဒုက္ခရောက်ချိန်” နဲ့ ကြုံရနိုင်လို့ ကြိုတင်ပြင်ဆင်ထားရမယ်။
ဘေးအန္တရာယ်ကြုံတဲ့အခါ ခံရပ်နိုင်ဖို့ ရုပ်ပိုင်း a အပြင် တခြားဘယ်အပိုင်းတွေကိုလည်း ပြင်ဆင်ထားရမလဲ။
-
စိတ်ပိုင်း ပြင်ဆင်ထားပါ– ဘေးအန္တရာယ်တွေ ကြုံရမှာကို မျှော်လင့်ထားပါ။ ဖြစ်လာရင် ဘာလုပ်မယ်ဆိုတာ စဉ်းစားထားပါ။ စည်းစိမ်ဥစ္စာတွေကို ဖက်တွယ်မထားပါနဲ့။ ဥစ္စာပစ္စည်းတွေကြောင့် ပြတ်ပြတ်သားသား မလုပ်နိုင်ဘဲ တွေဝေတုံ့ဆိုင်းနေရင် အသက် ဆုံးရှုံးသွားနိုင်တယ်။ (က ၁၉:၁၆။ ဆ ၃၆:၉) ပိုင်ဆိုင်ရာတွေအပေါ် တွယ်တာလွန်းတာမျိုး မဖြစ်မှ ဆုံးရှုံးသွားရင်လည်း စိတ်ခံသာမယ်။—ဆ ၃၇:၁၉
-
ယုံကြည်ခြင်းခိုင်ခံ့အောင် ပြင်ဆင်ထားပါ– ယေဟောဝါဘုရား သင့်ကို ဂရုစိုက်ပေးနိုင်စွမ်းရှိတယ်၊ ဂရုစိုက်ပေးချင်တယ်ဆိုတာ အခိုင်အမာ ယုံကြည်အောင် လုပ်ပါ။ (ဆ ၃၇:၁၈) ယေဟောဝါက မိမိရဲ့လူတွေကို လမ်းပြကူညီမယ်၊ အသက်တစ်ချောင်းပဲ ကျန်ခဲ့တဲ့ အခြေအနေနဲ့ ရင်ဆိုင်ရရင်တောင် ထောက်မပေးမယ် ဆိုတာကို ဘေးအန္တရာယ် မကြုံခင်ကတည်းက ပုံမှန် စဉ်းစားပါ။—ယေ ၄၅:၅။ ဆ ၃၇:၂၃၊ ၂၄
ယေဟောဝါရဲ့ ကတိတွေ ပြည့်စုံလာမှာကို အပြည့်အဝ ယုံကြည်စိတ်ချတဲ့အခါ ‘ဒုက္ခရောက်ချိန်မှာ ဘုရားဟာ ကျွန်တော်တို့ရဲ့ခံတပ်’ ဖြစ်လာပါလိမ့်မယ်။—ဆ ၃၇:၃၉။
ဘေးအန္တရာယ်အတွက် ပြင်ဆင်ထားသလား ဗီဒီယို ပြပါ။ ပြီးနောက် ပရိသတ်ကို မေးပါ–
-
ဘေးအန္တရာယ် ကျရောက်ချိန်မှာ ယေဟောဝါ ဘယ်လို ကူညီပေးနိုင်သလဲ။
-
ဘယ်လို လက်တွေ့ကျကျ ပြင်ဆင်ထားနိုင်သလဲ။
-
ဘေးအန္တရာယ် ကြုံရသူတွေကို ဘယ်လို ကူညီပေးနိုင်သလဲ။
၈။ အသင်းတော် ကျမ်းစာလေ့လာမှု
(၃၀ မိ.) bt အခန်း ၉ ပိုဒ်. ၈-၁၆
နိဂုံးချုပ်မှတ်ချက် (၃ မိ.) |
a နိုးလော့! အမှတ် ၅၊ ၂၀၁၇၊ စာမျက်နှာ ၄-၆ ကို ကြည့်ပါ။