ခရစ်ယာန်အသက်တာလမ်းစဥ်
JW Library အသုံးပြုရန် နည်းလမ်းများ
လေ့လာမှုအတွက်–
-
ကျမ်းစာနဲ့ နေ့စဥ်ကျမ်းချက် ဖတ်ပါ။
-
နှစ်ချုပ်စာအုပ်၊ မဂ္ဂဇင်းတွေနဲ့ တခြားစာအုပ်စာပေတွေ ဖတ်ပါ။ အမှတ်အသား (bookmark) သင်္ကေတကိုသုံးပါ
-
အသင်းတော်စည်းဝေးအတွက် ပြင်ဆင်ပြီး အဖြေတွေကို အရောင်နဲ့မှတ်သားပါ
-
ဗီဒီယိုတွေ ကြည့်ပါ
စည်းဝေးမှာ–
-
ဟောပြောသူညွှန်းတဲ့ကျမ်းချက်တွေကို လိုက်ကြည့်ပါ။ ကြည့်ခဲ့တဲ့ကျမ်းချက်ကို ပြန်ရှာနိုင်ဖို့ သုံးခဲ့ရာများ (history) သင်္ကေတကို သုံးပါ။
-
စည်းဝေးလာတဲ့အခါ စာအုပ်စာပေအမျိုးမျိုးယူလာမယ့်အစား ဖုန်း၊ တက်ဘလက်ကိုသုံးပြီး စည်းဝေးမှာ တင်ဆက်သွားရာတွေကို လိုက်ကြည့်ပါ၊ သီချင်းဆိုပါ။ JW Library မှာ သီချင်းအသစ်တွေလည်း တင်ထားပေးတယ်။ အဲဒီသီချင်းအသစ်တွေကို ပုံနှိပ်စာပေအနေနဲ့ အခု မရနိုင်သေးပါ
အမှုဆောင်မှာ–
-
စိတ်ဝင်စားသူတစ်ဦးဦးကို JW Library ထဲက တစ်ခုခုပြပေးပါ။ app နဲ့ စာအုပ်စာပေတွေကို သူ့ရဲ့ဖုန်း၊ တက်ဘလက်ထဲ ကူးယူတတ်အောင် ကူညီပေးပါ
-
ကျမ်းချက်တွေကို ရှာတွေ့နိုင်ဖို့ ရှာဖွေဆိုတဲ့ သင်္ကေတကိုသုံးပါ။ ကျမ်းချက်ရှာရာမှာ စကားလုံးတစ်လုံး ဒါမှမဟုတ် စကားစုတစ်စုကို ရိုက်ထည့်ပြီး ရှာနိုင်
-
ဗီဒီယိုတစ်ခု ပြပါ။ အိမ်ရှင်မှာ သားသမီးရှိတယ်ဆိုရင် ယေဟောဝါရဲ့မိတ်ဆွေဖြစ်ပါ ဗီဒီယိုတွေထဲက တစ်ခုကို ပြပေးနိုင်ပါတယ်။ ဒါမှမဟုတ် ကျမ်းစာကို ဘာကြောင့် လေ့လာသင့်သလဲ ဗီဒီယိုကိုပြပြီး အိမ်ရှင်ကျမ်းစာသင်ချင်လာအောင် လှုံ့ဆော်ပေးနိုင်ပါတယ်။ ဘာသာခြားစကားပြောသူ တစ်ဦးဦးနဲ့ဆုံတယ်ဆိုရင် သူ့မိခင်ဘာသာစကားနဲ့ ဗီဒီယိုတစ်ခု ပြပေးပါ။
-
တစ်ဦးဦးကို ကိုယ်ကူးယူထားတဲ့ တခြားဘာသာစကားနဲ့ပြန်ဆိုထားတဲ့ ဘာသာပြန်ကျမ်းစာကနေ ကျမ်းချက်ပြပေးပါ။ တခြားဘာသာပြန်ကျမ်းတွေမှာ ဘယ်လိုပြန်ဆိုထားလဲဆိုတာနှုိင်းယှဥ်ကြည့်နိုင်ဖို့ ကျမ်းစာကိုဖွင့်၊ အခန်းငယ်နံပါတ်ကို နှိပ်၊ ကျမ်းပြိုင် သင်္ကေတ (parallel rendering icon) ကိုနှိပ်ပါ။