ခရစ်ယာန်အသက်တာလမ်းစဥ်
JW Library ကိုအသုံးပြုနေသလား
JW Library ကအခမဲ့ app (software application) ဖြစ်ပါတယ်။ ကိုယ်ပိုင်ဖုန်း၊ တက်ဘလက်၊ ကွန်ပျူတာထဲကို ကျမ်းစာနဲ့ ကျမ်းစာအခြေပြုစာပေတွေ၊ ဗီဒီယိုတွေ၊ အသံသွင်းထားရာတွေ ကူးယူထည့်သွင်းဖို့ JW Library လိုအပ်ပါတယ်။
ရရှိနိုင်ပုံ– အင်တာနက်ဖွင့်ပါ။ ပြီးနောက် app store ကနေ JW Library ကို (install) ထည့်သွင်းပါ။ ဖုန်း၊ တက်ဘလက် စတဲ့အီလက်ထရောနစ်ပစ္စည်းတွေမှာ ဒီ app ကို အသုံးပြုနိုင်ပါတယ်။ အင်တာနက်သုံးနေတုန်း app ကိုဖွင့်ပြီး ကိုယ်ကြိုက်တဲ့စာပေ၊ ဗီဒီယိုတစ်ခုခုကို ဖုန်း၊ တက်ဘလက်ထဲ ကူးထည့်ပါ။ အိမ်မှာ အင်တာနက်သုံးဖို့ အဆင်မပြေဘူးဆိုရင် အင်တာနက်ရနိုင်မယ့်နေရာတွေမှာ ကူးယူထည့်သွင်းနိုင်ပါတယ်။ ဖုန်း၊ တက်ဘလက်ထဲ စာပေတွေ ကူးယူပြီးပြီဆိုတာနဲ့ အဲဒါတွေဖွင့်ဖတ်နိုင်ဖို့ အင်တာနက် မလိုတော့ပါဘူး။ ဒါပေမဲ့ JW Library မှာ အသစ်အသစ်တွေ ပုံမှန်တင်ပေးနေတာကြောင့် ဖြစ်နိုင်မယ်ဆိုရင် အင်တာနက်ဖွင့်ပြီး ဗားရှင်းအသစ်ကို ကူးယူထည့်သွင်းဖို့လိုပါတယ်။
ဘာကြောင့် ထည့်သွင်းရ– JW Library ကို ကိုယ်ပိုင်လေ့လာမှုအတွက်နဲ့ စည်းဝေးမှာ အဆင်ပြေပြေလိုက်ကြည့်လို့ရအောင် စီစဥ်ပြုလုပ်ထားတယ်။ အမှုဆောင်လုပ်ငန်းမှာ အထူးသဖြင့် အလွတ်သဘောသက်သေခံရာမှာ အသုံးပြုနိုင်ပါတယ်။