မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ခရစ်ယာန်အသက်တာလမ်းစဉ်

“ဘုရားသခင် တွဲဖက်ထား . . . ”

“ဘုရားသခင် တွဲဖက်ထား . . . ”

ကွာရှင်း​ဖို့ စဉ်းစား​နေတဲ့ အမျိုးသား​ဟာ ကွာရှင်း​စာချုပ် ရေး​ရမယ်လို့ မောရှေ​ပညတ်​က တောင်းဆိုတယ်။ ဒါက အ​လောတ​ကြီး အိမ်ထောင်​ကွာရှင်း​တာ​ကို တားဆီး​ပေးတယ်။ ဒါပေမဲ့ ယေရှု​အချိန်မှာ လွယ်လွယ်လေး​နဲ့ ကွာရှင်း​လို့​ရအောင် ဘာသာရေးခေါင်းဆောင်​တွေ လုပ်ကြတယ်။ အမျိုးသားတွေ​ဟာ မိမိတို့​ဇနီးကို ဘယ်​အကြောင်းပြချက်​နဲ့မဆို ကွာရှင်း​လို့​ရတယ်။ (“ကွာရှင်းစာချုပ်” nwt​st​y မာ ၁၀:၄ လေ့လာမှု မှတ်စု “ဇနီးကို ကွာရှင်း” “အိမ်ထောင်ရေး ဖောက်ပြန်သူ၊ ကိုယ့်ဇနီးကို ပြစ်မှားသူ” nwt​st​y မာ ၁၀: ၁၁ လေ့လာမှု မှတ်စု) အိမ်ထောင်​ကို ယေဟောဝါရဲ့ အခွင့်အာဏာ​နဲ့ အစပြု​တည်ထောင်​ထားကြောင်း ယေရှု ပြန်သတိရ​စေခဲ့တယ်။ (မာကု ၁၀:၂-၁၂) ခင်ပွန်း​နဲ့ ဇနီးဟာ ရာသက်ပန်​ပေါင်းစည်း​ဖို့ “တစ်​သား​တစ်ကိုယ်တည်း” ဖြစ်လာတယ်။ ကျမ်းစာ​အရ ကွာရှင်း​နိုင်​တဲ့ တစ်ခုတည်း​သော အကြောင်းရင်း​က မဿဲကျမ်း​ပြိုင်​မှတ်တမ်း​မှာပါတဲ့ “လိင်​အကျင့်​ယိုယွင်းမှု” ဖြစ်တယ်။ —မ ၁၉:၉

အခု​ချိန်မှာတော့ လူတွေဟာ အိမ်ထောင်ရေး​နဲ့ ပတ်သက်​လာ​ရင် ယေရှု​လို အမြင်​မျိုး မရှိတော့ဘူး၊ ဖာ​ရိ​ရှဲ​တွေ​လိုပဲ မြင်​တော့​တယ်။ ပြဿနာတွေ ပေါ်လာ​တဲ့အခါ အလျင်စလို ကွာရှင်း​လိုက်​ကြ​တယ်။ ဒါပေမဲ့ ခရစ်ယာန်​မောင်နှံ​တွေကတော့ အိမ်ထောင်​ကတိသစ္စာ​ကို အလေးအနက်​ထားတယ်၊ ကျမ်းစာ​မူတွေကို ကျင့်သုံးပြီး အခက်အခဲတွေကို ရင်ဆိုင်ဖြေရှင်း​တယ်။ မေတ္တာနဲ့ လေးစားမှု​က မိသားစုကို စည်းလုံး​စေ ဗီဒီယို​ကြည့်ပြီးနောက် အောက်ပါ​မေးခွန်း​တွေကို ဖြေပါ–

  • အိမ်ထောင်​မှာ ပညာအလိမ္မာ ၁၅:၁ ကို ဘယ်လို ကျင့်သုံး​နိုင်သလဲ။ အဲဒီလို​ကျင့်​သုံးဖို့ ဘာကြောင့် အရေးကြီး​သလဲ။

  • ပြဿနာတွေကို ရှောင်နိုင်​အောင် ပညာအလိမ္မာ ၁၉:၁၁ ကို ဘယ်လို ကျင့်သုံး​နိုင်သလဲ။

  • အိမ်ထောင်​ပြိုကွဲ​တော့မယ့် အခြေအနေ​မှာ ‘ကွာရှင်း​လိုက်ရင် ကော​င်း​မလား’ လို့ စဉ်းစား​မယ့်အစား ဘယ်မေးခွန်းတွေကို စဉ်းစား​သင့်သလဲ။

  • ပိုကောင်းတဲ့ ခင်ပွန်း၊ ပိုကောင်းတဲ့​ဇနီး​ဖြစ်အောင် မဿဲ ၇:၁၂ ကို ဘယ်လို ကျင့်သုံး​နိုင်သလဲ။