ယုံကြည်ခြင်း ခိုင်ခံ့စေတဲ့ စိတ်အာရုံတစ်ခု
ကိုယ်ယောင်ပြောင်းလဲတဲ့ စိတ်အာရုံမှာ ဖခင်က မိမိကို နှစ်သက်ကြောင်း ပြောတာကို ကြားတဲ့အခါ ယေရှု ဘယ်လိုခံစားရမယ်ဆိုတာ စဉ်းစားကြည့်ပါ။ ရှေ့မှာ ခံစားရမယ့် ဒုက္ခဝေဒနာတွေအတွက် ယေရှုကို အားရှိစေမယ်ဆိုတာ သေချာပါတယ်။ ဒီစိတ်အာရုံဟာ ပေတရု၊ ယာကုပ်၊ ယောဟန်တို့အပေါ်လည်း အကြီးအကျယ် ဩဇာသက်ရောက်ခဲ့တယ်။ ယေရှုဟာ မေရှိယ အစစ်အမှန်ဖြစ်တယ်၊ သူ့စကားကို နားထောင်ရမယ်ဆိုတာ သူတို့ အခိုင်အမာယုံကြည်လာတယ်။ ၃၂ နှစ်လောက် ကြာပြီးနောက်မှာ ပေတရုဟာ အဲဒီအတွေ့အကြုံကို အမှတ်ရနေဆဲဖြစ်တယ်။ အဲဒီအတွေ့အကြုံကြောင့် “ပရောဖက်ပြုချက်ဟာ” သူ့အတွက် ပိုပြီး သေချာလာတယ်။—၂ပ ၁:၁၆-၁၉။
ဒီစိတ်အာရုံကို ကျွန်တော်တို့ မမြင်ခဲ့ရပေမဲ့ ပြည့်စုံနေတာကိုတော့ မြင်တွေ့နေရတယ်။ ယေရှုဟာ တန်ခိုးကြီးတဲ့ ဘုရင်တစ်ပါးအဖြစ် အုပ်ချုပ်နေပြီ။ မကြာခင် ဖြောင့်မတ်တဲ့ကမ္ဘာသစ် ဖြစ်ပေါ်စေဖို့ “အပြီးသတ် အောင်ပွဲခံ” ပါတော့မယ်။—ဗ ၆:၂။
ကျမ်းစာပရောဖက်ပြုချက် ပြည့်စုံနေတာကို မြင်တွေ့နေရခြင်းက သင့်ယုံကြည်ခြင်းကို ဘယ်လို ခိုင်ခံ့စေသလဲ