မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ခရစ်ယာန်အသက်တာလမ်းစဉ်

ခရစ်တော်နောက်လိုက်ဖို့ သားသမီးတွေကို ကူညီပေးပါ

ခရစ်တော်နောက်လိုက်ဖို့ သားသမီးတွေကို ကူညီပေးပါ

သားသမီး​တွေ ‘ကိုယ့်ကို​ယ်​ကိုယ် ငြင်းပယ်၊ ဒုက္ခ​သစ်တိုင်​ကို ထမ်း​ပြီး’ ယေရှု​နောက် “အမြဲလို​က်” နေတာကို မိဘတွေ မြင်တွေ့ရ​တာ​ထက် ပို​ဝမ်းသာစရာ​ကောင်းတဲ့အရာ မရှိဘူး။ (မာ ၈:၃၄။ ၃ယ ၄) သားသမီး​တွေ ယေရှု​နောက်လိုက်​ဖို့၊ သူတို့​အသက်တာကို ယေဟောဝါ​ထံ ဆက်ကပ်​အပ်နှံ​ပြီး နှစ်ခြင်း​ခံဖို့ မိဘတွေ ဘယ်လို ကူညီ​ပေးနိုင်သလဲ။ နှစ်ခြင်း​ခံဖို့ သားသမီး​တွေ အသင့်​ဖြစ်နေ​ကြောင်း ဖော်ပြတဲ့ အချက်​တချို့က ဘာလဲ။

ယေဟောဝါရဲ့ အလိုတော်​ဆောင်​ဖို့ ဖွဲ့စည်းထား​ခြင်း စာအုပ်​ထဲက စာမျက်နှာ ၁၆၅-၁၆၆ ပါ “ခရစ်ယာန်​မိဘများ​အတွက် အမှာစကား” ကို​ဖတ်ပြီး အောက်ပါ​မေးခွန်း​တွေကို ဖြေပါ–

  1. ၁။ တပည့်​ဆို​တာ ဘာလဲ။

  2. ၂။ သားသမီးတွေကို မိဘတွေ ဘာ​သင်ပေး​သင့်သလဲ။

  3. ၃။ နှစ်ခြင်း​ခံဖို့ အရည်အချင်း ပြည့်မီ​အောင် အောက်ပါ​ကျမ်းချက်တွေကို သားသမီး​တွေ အသက်အရွယ်​အလိုက် ဘယ်လို ကျင့်သုံး​သင့်သလဲ။