မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | ဆာလံ ၁၀၂–၁၀၅

ကျွန်တော်တို့ မြေမှုန့်ပဲဆိုတာကို ယေဟောဝါမမေ့ဘူး

ကျွန်တော်တို့ မြေမှုန့်ပဲဆိုတာကို ယေဟောဝါမမေ့ဘူး

ယေဟောဝါရဲ့ သနားကြင်နာမှုနဲ့ပတ်သက်ပြီး ထိရောက်တဲ့ဥပမာတွေ ဒါဝိဒ်သုံးခဲ့တယ်။

  • ၁၀၃:၁၁

    ကြယ်အတိပြီးတဲ့ ကောင်းကင်နဲ့ ကမ္ဘာမြေကြီး ဘယ်လောက်ကွာဝေးတယ်ဆိုတာ ကျွန်တော်တို့ အတိအကျမသိနိုင်သလို ယေဟောဝါရဲ့ ခိုင်မြဲတဲ့မေတ္တာ ဘယ်လောက်ကြီးမားတယ်ဆိုတာ မသိနိုင်

  • ၁၀၃:၁၂

    နေထွက်ရာအရပ်နဲ့ နေဝင်ရာအရပ် ကွာဝေးလွန်းသလို ယေဟောဝါက ကျွန်တော်တို့ရဲ့အပြစ်တွေကို စိတ်ကူးကြည့်လို့မရနိုင်လောက်အောင် ကွာဝေးတဲ့နေရာမှာထား

  • ၁၀၃:၁၃

    ဖခင်က စိတ်ထိခိုက်နေတဲ့သားကို သနားကြင်နာမှုပြသလို ယေဟောဝါကလည်း သူတို့ကိုယ်တိုင်ရဲ့အပြစ်ကြောင့် နာကျင်ခံစားနေရတဲ့ နောင်တရသူတွေကို သနားကြင်နာမှုပြ