မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ခရစ်ယာန်အသက်တာလမ်းစဥ်

အမှုဆောင်လုပ်ငန်းမှာ တိုးတက်အောင် လုပ်ဆောင်ခြင်း—ကျမ်းစာသင်သားကို ဆက်ကပ်အပ်နှံ နှစ်ခြင်းခံတဲ့အထိ တိုးတက်အောင် ကူညီပေးပါ

အမှုဆောင်လုပ်ငန်းမှာ တိုးတက်အောင် လုပ်ဆောင်ခြင်း—ကျမ်းစာသင်သားကို ဆက်ကပ်အပ်နှံ နှစ်ခြင်းခံတဲ့အထိ တိုးတက်အောင် ကူညီပေးပါ

ဘာကြောင့် အရေးကြီး– ကျမ်းစာသင်သားတွေဟာ ယေဟောဝါရဲ့ နှစ်သက်လက်ခံမှုရနိုင်ဖို့ ဆက်ကပ်အပ်နှံ နှစ်ခြင်းခံရမယ်။ (၁ ပေ. ၃:၂၁) ဆက်ကပ်အပ်နှံမှုနဲ့အညီ အသက်ရှင်နေထိုင်မှ ဘုရားနဲ့ဆက်ဆံရေးကောင်းကို ကာကွယ်နိုင်မယ်။ (ဆာ. ၉၁:၁၊ ၂) ဆက်ကပ်အပ်နှံခြင်းဆိုတာ လူတစ်ယောက်၊ အလုပ်တစ်ခု ဒါမှမဟုတ် အဖွဲ့အစည်းတစ်ခုဆီမှာ မဟုတ်ဘဲ ယေဟောဝါဘုရားဆီမှာ ဆက်ကပ်အပ်နှံတာဖြစ်တယ်။ ဒါကြောင့် သင်သားတွေဟာ ဘုရားကို ချစ်တဲ့မေတ္တာနဲ့ ကျေးဇူးတင်လေးမြတ်မှု တိုးပွားအောင်လုပ်ဖို့လိုတယ်။—ရော. ၁၄:၇၊ ၈

လုပ်ဆောင်နိုင်ပုံ–

  • ကျမ်းစာလေ့လာချိန်မှာ ယေဟောဝါအကြောင်းဖော်ပြတဲ့ အချက်အလက်တွေကို ဆွေးနွေးပါ။ နေ့တိုင်း ကျမ်းစာဖတ်ဖို့၊ ယေဟောဝါဆီ “မခြားမလပ်” ဆုတောင်းဖို့ အရေးကြီးကြောင်း အလေးပေးပြောပါ။—၁ သက်. ၅:၁၇; ယာ. ၄:၈

  • ဘုရားရေးရာပန်းတိုင်ဖြစ်တဲ့ ဆက်ကပ်အပ်နှံ နှစ်ခြင်းခံတဲ့အထိ တက်လှမ်းဖို့ သင်သားကို အားပေးပါ။ စည်းဝေးတွေမှာ မှတ်ချက်ပေးတာ၊ အိမ်နီးချင်းနဲ့အလုပ်ဖော်တွေကို သက်သေခံတာစတဲ့ ပန်းတိုင်လေးတွေကို ပြည့်မီနိုင်အောင် ကူညီပေးပါ။ ယေဟောဝါက မိမိကိုဝတ်ပြုဖို့ ဘယ်သူ့ကိုမှ အတင်းအကျပ်မတောင်းဆိုဘူးဆိုတာ သတိရပါ။ ဒါကြောင့် ဆက်ကပ်အပ်နှံခြင်းဟာ ကိုယ်ပိုင်ဆုံးဖြတ်ရမယ့်ကိစ္စ ဖြစ်တယ်။—တရား. ၃၀:၁၉၊ ၂၀

  • ယေဟောဝါ နှစ်သက်လက်ခံအောင်၊ နှစ်ခြင်းခံဖို့ အရည်အချင်းပြည့်မီအောင် လိုအပ်တဲ့ပြုပြင်ပြောင်းလဲမှုတွေလုပ်ဖို့ သင်သားကို အားပေးပါ။ (သု. ၂၇:၁၁) အကျင့်စရိုက်တချို့က အမြစ်စွဲနေနိုင်တာကြောင့် စရိုက်ဟောင်းကိုချွတ်ပြီး စရိုက်သစ်ဝတ်ဆင်ဖို့ သင်သားကို ဆက်ပြီးကူညီပေးဖို့လိုတယ်။ (ဧ. ၄:၂၂-၂၄) “သမ္မာကျမ်းစာက ဘဝပုံစံတွေကို ပြောင်းလဲပေးနိုင်” ဆိုတဲ့ ကင်းမျှော်စင်ဆောင်းပါးတွေကို ဖတ်ခိုင်းပါ။

  • ယေဟောဝါကို ဝတ်ပြုခြင်းကြောင့် သင် ဘယ်လောက်ရွှင်လန်းမှု ခံစားရကြောင်း သူ့ကိုပြောပြပါ။—ဟေရှာ. ၄၈:၁၇၊ ၁၈