မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ခရစ်ယာန်အသက်တာလမ်းစဉ်

စက်တင်ဘာလမှာ ကင်းမျှော်စင်ဝေငှမှု အထူးကင်ပိန်း

စက်တင်ဘာလမှာ ကင်းမျှော်စင်ဝေငှမှု အထူးကင်ပိန်း

ကမ္ဘာတစ်ဝန်းကလူတွေ နှစ်သိမ့်မှု လိုအပ်နေတယ်။ (ဒေ. ၄:၁) ဒါကြောင့် နှစ်သိမ့်မှုအကြောင်း ဖော်ပြထားတဲ့ ကင်းမျှော်စင်ကို စက်တင်ဘာတစ်လလုံးဝေငှဖို့ အထူးကြိုးစားကြမယ်။ ဒီမဂ္ဂဇင်းကို နှံ့နှံ့စပ်စပ် ဝေငှပါ။ ဒါပေမဲ့ လူတွေကို တိုက်ရိုက်တွေ့ဆုံပြီး နှစ်သိမ့်ပေးချင်တာကြောင့် လူမရှိတဲ့အိမ်တွေမှာ မထားခဲ့ပါနဲ့။

ပြောဆိုနိုင်ရာ

“ကျွန်တော်တို့အားလုံး တစ်ချိန်မဟုတ်တစ်ချိန်မှာတော့ နှစ်သိမ့်မှုလိုအပ်ကြတယ်။ ဒါပေမဲ့ နှစ်သိမ့်မှုကို ဘယ်ကရနိုင်မလဲ။ [၂ ကောရိန္သု ၁:၃၊ ၄ ကိုဖတ်ပါ။] ကျွန်တော်တို့ကို ဘုရား ဘယ်လိုနှစ်သိမ့်ပေးလဲဆိုတာ ဒီကင်းမျှော်စင်မှာ ရှင်းပြထားတယ်။

အိမ်ရှင်က စိတ်ဝင်စားပြီး မဂ္ဂဇင်းလက်ခံတယ်ဆိုရင်  . . .

ကျမ်းစာကို ဘာကြောင့်လေ့လာသင့်သလဲ ဗီဒီယိုကိုဖွင့်ပြပါ

အဲဒီနောက် ကျမ်းစာသင်အံမှု ကမ်းလှမ်းပါ။

ပြန်လည်ပတ်မှုအတွက် လမ်းခင်းထားပါ

နောက်တစ်ခေါက် ပြန်သွားတဲ့အခါ ဆွေးနွေးဖို့ “ဆင်းရဲဒုက္ခကို ဘုရား ဘာကြောင့်ဖြစ်ခွင့်ပြုတာလဲ” ဆိုတဲ့မေးခွန်းမျိုးမေးပါ။