မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ခရစ်ယာန်အသက်တာလမ်းစဥ်

အမှန်တရားကို သင်ပေးပါ

အမှန်တရားကို သင်ပေးပါ

စက်တင်ဘာလကစပြီး အသက်တာနဲ့အမှုဆောင်လုပ်ငန်း လေ့ကျင့်ခန်းစာစောင်မှာ “အမှန်တရားကို သင်ပေးပါ” ဆိုတဲ့ နမူနာတင်ဆက်နည်း အသစ်တစ်ခု ပါလာပါလိမ့်မယ်။ ရည်ရွယ်ချက်ကတော့ မေးခွန်းတစ်ခု၊ ကျမ်းချက်တစ်ချက်သုံးပြီး အခြေခံကျမ်းစာအမှန်တရားကို တင်ဆက်သွားဖို့ဖြစ်တယ်။

စိတ်ဝင်စားတယ်ဆိုရင် စာပေတစ်ခုခု ဒါမှမဟုတ် jw.org/mya ထဲက ဗီဒီယိုပြပေးပြီး ပြန်လည်ပတ်ဖို့ လမ်းခင်းနိုင်တယ်။ ပထမတစ်ခါ တွေ့ပြီးနောက် ရက်အနည်းငယ်အတွင်းမှာပဲ ပြန်သွားဖို့ ကြိုးစားပါ။ တင်ဆက်နည်းအသစ်တွေနဲ့ ကျောင်းသားတာဝန်တွေကို ကျမ်းစာသွန်သင်ရာစာအုပ်ထဲက အကြောင်းအရာတွေအပေါ် အခြေခံထားပါတယ်။ အခန်းတိုင်းရဲ့ အကျဥ်းချုပ်ဖော်ပြချက်တွေမှာ ပြန်လည်ပတ်မှုလုပ်ဖို့ ဒါမှမဟုတ် ကျမ်းစာကိုပဲသုံးပြီး သင်အံမှုလုပ်ဖို့ ထပ်ဆင့်မေးခွန်းတွေ ပါတယ်။

အသက်ရှင်ခြင်းကို ပို့ဆောင်တဲ့ လမ်းတစ်လမ်းပဲ ရှိပါတယ်။ (မ. ၇:၁၃၊ ၁၄) ကျွန်တော်တို့ဟာ ဘာသာရေး နောက်ခံအမျိုးမျိုးရှိသူတွေနဲ့ တွေ့ဆုံရတာမို့ တစ်ဦးစီ စိတ်ဝင်စားမယ့် ကျမ်းစာအမှန်တရားကို တင်ဆက်သင့်တယ်။ (၁ တိ. ၂:၄) ကျမ်းစာအကြောင်းအရာတွေကို ပိုကျွမ်းကျင်လာပြီး “အမှန်တရားကို မှန်ကန်စွာကိုင်တွယ်” ရာမှာ တိုးတက်လာတာနဲ့အမျှ ပိုပျော်ရွှင်လာပါလိမ့်မယ်။ တခြားသူကို အမှန်တရားသင်ပေးရာမှာလည်း အောင်မြင်လာပါလိမ့်မယ်။—၂ တိ. ၂:၁၅