မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | သုတ္တံ ၇–၁၁

‘စိတ်မယိုင်သွားပါနဲ့’

‘စိတ်မယိုင်သွားပါနဲ့’

ယေဟောဝါရဲ့ စံနှုန်းတွေက ကျွန်တော်တို့ကို ကာကွယ်ပေးနိုင်တယ်။ အကျိုးနိုင်ဖို့ဆိုရင် စိတ်နှလုံးထဲမှာ ယေဟောဝါရဲ့ စံနှုန်းတွေကို စွဲမှတ်ထားမယ်။ (သု. ၇:၃) ယေဟောဝါရဲ့ ကျေးကျွန်တစ်ယောက်ဟာ စိတ်ယိုင်သွားတာနဲ့ စာတန်ရဲ့ သိမ်မွေ့ညင်သာပြီး စဉ်းလဲတဲ့လှည့်ဖြားမှုအောက် အလွယ်ကူ ကျရောက်သွားနိုင်တယ်။ အဲဒီလို စိတ်ယိုင်သွားတဲ့ လူငယ်တစ်ယောက်အကြောင်း သုတ္တံအခန်းကြီး ၇ မှာဖော်ပြထားတယ်။ သူ့ရဲ့အမှားတွေကနေ ကျွန်တော်တို့ ဘာသင်ယူနိုင်မလဲ။

  • စာတန်က ကျွန်တော်တို့ကို မှားယွင်းတဲ့အရာတွေ လုပ်မိစေဖို့ အာရုံငါးပါးရဲ့ အစွမ်းကို အသုံးချပြီး ယေဟောဝါဆီကနေ လမ်းလွဲသွားအောင် ကြိုးစားနေ

  • ဉာဏ်ပညာနဲ့ သိနားလည်နိုင်စွမ်းက အမှားလုပ်မိလို့ ခံစားမယ့် ဆိုးကျိုးတွေကို သိမြင်စေပြီး ဘုရားရေးရာအန္တရာယ်တွေကို ရှောင်နိုင်ဖို့ ကူညီပေး