မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ရစ်ယာန်အသက်တာလမ်းစဉ်

JW.ORG လိပ်စာကတ်ကို ကောင်းကောင်း အသုံးပြုနေသလား

JW.ORG လိပ်စာကတ်ကို ကောင်းကောင်း အသုံးပြုနေသလား

ကြီးစွာသောဒုက္ခ နီးလာတဲ့အတွက် ဟောပြောခြင်းလုပ်ငန်းကို အရေးကြီး သဘောထားနဲ့ လုပ်ဆောင်မယ်။ (သု. ၂၄:၁၁၊ ၁၂၊ ၂၀) ကျမ်းစာနဲ့ အဖွဲ့အစည်းရဲ့ ဝက်ဘ်ဆိုက်ကို လူတွေ အာရုံစိုက်နိုင်ဖို့ လိပ်စာကတ်တွေကို အသုံးပြုပြီး ကူညီပေးနိုင်တယ်။ ကတ်ထဲမှာ ကျမ်းစာကို ဘာကြောင့် လေ့လာသင့်သလဲ ဗီဒီယိုကို ညွှန်းပေးထားတဲ့ ကုတ်ဒ်တစ်ခုနဲ့ ထပ်လေ့လာကြည့်ပါ ဒါမှမဟုတ် ကျမ်းစာလေ့လာချင်ပါသလားဆိုတဲ့ ဖိတ်ခေါ်ချက်တစ်ခု ပါဝင်ပါတယ်။ တချို့လူတွေက စာပေတွေကို လက်မခံပေမဲ့ ဝက်ဘ်ဆိုက်ကိုတော့ ဝင်ကြည့်ချင်ကြတယ်။ ဒါကြောင့် သူတို့ကို လိပ်စာကတ်ပေးဖို့ မတွန့်ဆုတ်ပါနဲ့။ ဒါပေမဲ့ စိတ်မဝင်စားသူတွေကိုတော့ လိပ်စာကတ် မပေးပါနဲ့။

နေ့စဉ်လုပ်ငန်းဆောင်တာတွေ လုပ်ဆောင်နေရင်း စိတ်ဝင်စားသူတစ်ဦးနဲ့ တွေ့တဲ့အခါ အခုလိုရိုးရိုးလေး ပြောနိုင်ပါတယ်– “မိတ်ဆွေကို ပေးချင်တာလေး တစ်ခုရှိတယ်။ ဒီကတ်က ဝက်ဘ်ဆိုက်တစ်ခုကို ညွှန်းပေးထားပြီး အဲဒီမှာ သတင်းအချက်အလက်တွေကို အခမဲ့ဖော်ပြပေးထားတယ်၊ အကြောင်းအရာအမျိုးမျိုးကို ဖော်ပြထားတဲ့ ဗီဒီယိုတွေလည်း ရှိတယ်။” (ယော. ၄:၇) လိပ်စာကတ်က အရွယ်အစား သေးတာကြောင့် အခွင့်ရေးရတိုင်း တခြားသူတွေကို သက်သေခံနိုင်ဖို့ ဒီကတ်ကို နည်းနည်းလောက်ပဲဖြစ်ဖြစ် ဆောင်ထားနိုင်ပါတယ်။