မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | သုတ္တံ ၁–၆

‘ယေဟောဝါဘုရားကို စိတ်နှလုံးအကြွင်းမဲ့ ကိုးစားလော့’

‘ယေဟောဝါဘုရားကို စိတ်နှလုံးအကြွင်းမဲ့ ကိုးစားလော့’

ယေဟောဝါဟာ လုံးလုံးလျားလျား ယုံကြည်ကိုးစားထိုက်တဲ့အရှင် ဖြစ်တယ်။ နာမတော်ရဲ့ အဓိပ္ပာယ်ကိုယ်နှိုက်က ကိုယ်တော်ဟာ ကတိအားလုံးကို ပြည့်စုံအောင်လုပ်ပေးနိုင်တဲ့ အရှင်ဖြစ်မှန်း ယုံကြည်စိတ်ချစေတယ်။ ကိုယ်တော့်အပေါ် ယုံကြည်ကိုးစားတတ်တဲ့ စိတ်ကို မွေးမြူရာမှာ ဆုတောင်းခြင်းဟာ အရေးကြီးဆုံးပါပဲ။ ယေဟောဝါဘုရားက ‘လမ်းရီးတွေကို ဖြောင့်ဖြူးစေ’ ခြင်းအားဖြင့် ကျွန်တော်တို့ရဲ့ ယုံကြည်ကိုးစားမှုကို ဆုချပေးမယ်လို့ သုတ္တံအခန်းကြီး ၃ မှာဖော်ပြထားတယ်။

ကိုယ့်ကိုယ်ကိုယ် အားကိုးတဲ့သူ . . .

:၅–၇

  • ယေဟောဝါဆီက လမ်းညွှန်မှုကို မတောင်းခံဘဲ ကိုယ့်ဘာသာ ဆုံးဖြတ်ချက်ချ

  • ကိုယ်ပိုင်အတွေးအခေါ် ဒါမှမဟုတ် လောကအတွေးအခေါ်အပေါ် ယုံကြည်ကိုးစား

ယေဟောဝါကို ယုံကြည်ကိုးစားတဲ့သူ . . .

  • ကျမ်းစာဖတ်ရှုခြင်း၊ တွေးတောဆင်ခြင်ခြင်းနဲ့ ဆုတောင်းခြင်းအားဖြင့် ကိုယ်တော်နဲ့ ရင်းနှီးလာအောင် လုပ်ဆောင်

  • ဆုံးဖြတ်ချက်ချဖို့လိုတဲ့အခါ ကျမ်းစာမူတွေကို ရှာဖွေခြင်းအားဖြင့် ကိုယ်တော့်လမ်းညွှန်မှုကို တောင်းခံ

ဘယ်အပိုင်းက ငါ့ရဲ့ဆုံးဖြတ်ပုံကို ဖော်ပြနေသလဲ

ပထမ– ကိုယ်ရဲ့အတွေးအခေါ်ကသာ အကောင်းဆုံးလို့ထင်ပြီး အဲဒီလမ်းစဉ်ကို ရွေးချယ်

ပထမ– ဆုတောင်းခြင်းနဲ့ ကိုယ်ပိုင်လေ့လာမှု လုပ်ခြင်းအားဖြင့် ယေဟောဝါရဲ့ လမ်းညွှန်မှုကို ရှာဖွေ

ဒုတိယ– ကိုယ့်ရဲ့ဆုံးဖြတ်ချက်အပေါ် ကောင်းချီးပေးဖို့ ယေဟောဝါကို ဆုတောင်း

ဒုတိယ– ကျမ်းစာမူတွေနဲ့ ကိုက်ညီတဲ့ လမ်းစဉ်ကိုပဲ ရွေးချယ်