မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ခရစ်ယာန်အသက်တာလမ်းစဉ်

မေတ္တာက ခရစ်ယာန်စစ်တွေကို ခွဲခြားဖော်ပြတယ်—အဖိုးတန်စည်းလုံးမှုကို ကာကွယ်ပါ

မေတ္တာက ခရစ်ယာန်စစ်တွေကို ခွဲခြားဖော်ပြတယ်—အဖိုးတန်စည်းလုံးမှုကို ကာကွယ်ပါ

ဘာကြောင့်​အရေး​ကြီး– မိမိ​ရဲ့​တပည့်​တွေ “အပြည့်အဝ စည်းလုံး” မှု​ရှိဖို့ ယေရှု​ မသေခင်​ညမှာ ဆုတောင်း​ခဲ့တယ်။ (ယဟ ၁၇:၂၃) အမြဲ​စည်းလုံး​နေဖို့ “နစ်နာမှု​တွေကို မ​မှတ်ထား” ဘဲ မေတ္တာပြ​ရမယ်။—၁က ၁၃:၅

လုပ်ဆောင်​နိုင်ရာ–

  • ယေဟော​ဝါ​လို တခြား​သူတွေရဲ့ ကောင်းကွက်ကို ရှာပါ

  • ကြည်ကြည်ဖြူဖြူ ခွင့်လွှတ်ပါ

  • ကိစ္စ​တစ်ခုကို ဖြေရှင်း​ပြီးပြီ​ဆိုရင် နောက်ထပ် အစ​မဖော်ပါနဲ့။—ပ ၁၇:၉

“အချင်းချင်း ချစ်ကြပါ”—နစ်နာမှု​တွေကို မ​မှတ်ထား​တတ် ဗီဒီယိုကို ကြည့်ပြီး အောက်ပါ​မေးခွန်းတွေကို ဖြေပါ–

  • ဗီဒီယိုရဲ့ ပထမ​ပိုင်း​မှာ ဟယ်လင်ဟာ ‘နစ်နာမှု​တွေကို မှတ်ထား’ မှန်း ဘယ်လို​ဖော်ပြသလဲ။

  • ဗီဒီယိုရဲ့ ဒုတိယ​ပိုင်း​မှာ ဟယ်လင်ဟာ ဘယ်လိုနည်းနဲ့ အပျက်​သဘောထားကို ချိုးနှိမ်​ပြီး အပြုသဘောထား​ကို မွေးမြူ​ခဲ့သလဲ။

  • နောက်ဆုံး​တော့ ဟယ်လင်ဟာ အသင်း​တော်ရဲ့​စည်းလုံးမှုကို ဘယ်လို​ပံ့ပိုးပေး​သလဲ။

ထိခိုက်​နစ်နာမှု​ကို မှတ်​ထားမယ်​ဆိုရင် ဘယ်သူ အ​နစ်နာ​ဆုံး​ဖြစ်မလဲ။