မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ခရစ်ယာန်အသက်တာလမ်းစဉ်

မေတ္တာက ခရစ်ယာန်စစ်တွေကို ခွဲခြားဖော်ပြတယ်—အမှန်တရားကြောင့် ဝမ်းသာ

မေတ္တာက ခရစ်ယာန်စစ်တွေကို ခွဲခြားဖော်ပြတယ်—အမှန်တရားကြောင့် ဝမ်းသာ

ဘာကြောင့်​အရေး​ကြီး– ကျွန်တော်​တို့ဟာ ယေရှု​ကို အတု​ယူပြီး ဘုရား​သခင့်​ရည်ရွယ်ချက်​နဲ့​ဆိုင်တဲ့ အမှန်တရားကို သက်သေ​ခံ​ရမယ်။ (ယဟ ၁၈:၃၇) မမှန်ကန်မှု၊ မဖြောင့်မတ်မှုတွေ ပြည့်နေတဲ့ လောက​မှာ အသက်ရှင်နေ​ရပေမဲ့ အမှန်တရား​ကြောင့် ဝမ်းသာ​ရမယ်၊ အမှန်အတိုင်း ပြောရမယ်၊ မှန်ကန်တဲ့​အရာတွေကို တွေးတော​ရမယ်။—၁က ၁၃:၆။ ဖိ ၄:၈

လုပ်ဆောင်​နိုင်ရာ–

  • အတင်းအဖျင်းတွေကို နားမထောင်​ဖို့၊ မ​ဖြန့်​ဖို့ စိတ်ပိုင်းဖြတ်​ထားပါ။—၁သ ၄:၁၁

  • တခြား​သူတွေ ဒုက္ခရောက်တဲ့​အခါ​ ဝမ်းမသာပါ​နဲ့

  • အပြုသဘော​ပါတဲ့၊ အားပေးမှု​ဖြစ်စေတဲ့ အရာတွေကို နှစ်သက်ပါ

“အချင်းချင်း ချစ်ကြပါ”—မတရားမှု​ကြောင့် ဝမ်းမသာ​တတ်​ဘူး။ အမှန်တရား​ကြောင့် ဝမ်းသာ​တတ်တယ် ဗီဒီယိုကို ကြည့်ပြီး အောက်ပါ​မေးခွန်းတွေကို ဖြေပါ–

  • ဒယ်ဘီဟာ ဘယ်လို​သဘော​နဲ့ ‘မတရားမှု​ကြောင့် ဝမ်းသာ​’ ခဲ့သလဲ။

  • အဲ​လစ်ဟာ စကား​လမ်းကြောင်းကို အပြုသဘော​ဘက် ဘယ်လို ပြောင်း​လိုက်​သလဲ။

  • ကျွန်တော်​တို့ ပြောနိုင်​တဲ့ ကောင်းတဲ့​အကြောင်း​အရာ​တချို့​က ဘာတွေလဲ။

မတရားမှု​ကြောင့် ဝမ်းမသာ​တတ်​ဘူး။ အမှန်တရား​ကြောင့် ဝမ်းသာ​တတ်တယ်